မိမိအိမ်မှာ ကြက်သားကြော်စားလိုက်တိုင်း အရသာက တစ်ခုခု လိုအပ်နေသလို ခံစားနေရပါသလား။ ဒါဆိုရင်တော့ သင် မုန့်နှစ် စပ်တဲ့နည်းက အချိုးအစားမမှန်လို့ပဲဖြစ်ပါတယ်။ အရသာရှိတဲ့ ကြက်ကြော် ဖန်တီးနိုင်ဖို့အတွက် မုန့်နှစ်ကောင်းကောင်း လိုအပ်ပါတယ်။

စာဖတ်သူတို့အတွက် မုန့်နှစ်ကောင်းကောင်း ဘယ်လိုစပ်ရမလဲ။ ကြက်သားကိုရော မုန့်နှစ်ထဲမှာ ဘယ်နှနာရီခန့် နှပ်ထားဖို့ လိုမလဲဆိုတာကို ဒီချက်ပြုတ်နည်းလေးကနေတဆင့် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်သား ၁၀ တုံး (အရေခွံခွာနှင့် အရိုးတို့ကို ဖယ်ရှားထားပါ)
  • နွားနို့ ၅၀၀ မီလီလီတာ (စားပွဲတင်ဇွန်း ၃၂ ဇွန်း)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ဇွန်း

  • ဘက်စုံသုံး ဂျုံမှုန့် ၅၀၀ ဂရမ်
  • မြေပဲဆီ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် နွားနို့၊ ငရုတ်သီးမှုန့်၊ ဆား စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ကြက်သားတုံးများထည့်ကာ သမအောင် နယ်ပြီးနောက် ရေခဲသေတ္တာထဲတွင် ၂ နာရီခန့် ထည့်နှပ်ထားလိုက်ပါ။

၂။ ကျန်ရှိနေသော ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို ဂျုံမှုန့်ဖြင့် သမအောင် ရောနှောလိုက်ပါ။ အချိန် ၂ နာရီပြည့်တဲ့အခါမှာတော့ ကြက်သားတုံးများကို ဂျုံမှုန့်ဖြင့် ကပ်ပေးလိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။

ဆီပူလာပါက ကြက်သားတုံးများထည့်ပြီး ၇ မိနစ်၊ ၈ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ကြက်သားက အညိုရောင် ပြောင်းသွားပါက အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၅ မိနစ်ခန့် ကြော်ပေးရပါမယ်။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်သားကြော်လေး ရရှိသွားပါပြီ။

မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

Source: Thespruceeats.com