အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကြက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် ဟင်းခပ်အမွှေးအကြိုက်ရနံ့များ သင်းပျံ့နေတဲ့ ကြက်သားငန်ဟင်းလျာ ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက် ၁ ကောင် (အတွင်းကလီစာများကို ဖယ်ရှားကာ ရေဆေးသန့်စင်ထားပါ)
- ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူ ၆ မြွှာ
- နာနတ်ပွင့် ၃ ပွင့်
- သစ်ကြမ်းပိုးခေါက် ၁ ချောင်း
- ၅ စင်တီမီတာ ဂျင်းတုံး ၁ တုံး (အခွံခွာပြီးအချောင်းလိုက် ပါးပါးလှီးထားပါ)
- ကြက်သွန်မြိတ် ၁ စည်း (အချောင်းလိုက် ခပ်ရှည်ရှည်နှင့် ပါးပါးလှီးထားပါ)
- ကြက်ပြုတ်ရည် ၂ လီတာ
- ပဲငံပြာရည်အကြည် ၂၅၀ မီလီလီတာနှင့် သကြား ၁၁၀ ဂရမ်
- လိမ္မော်သီးအခွံ (သို့) ကမ္ဗလာသီးအခွံ ၄ ခုခန့်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ် ထည့်ပါ။ ကြက်သွန်ဖြူ၊ နာနတ်ပွင့်၊ သစ်ကြမ်းပိုးခေါက်နှင့် ဂျင်းတို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။
ထို့နောက် ကြက်သွန်မြိတ်ထည့်ကာ ၁ မိနစ်ခန့် ကြော်ပါ။
ရရှိလာတဲ့ ဟင်းခပ်အမွှေးအကြိုက်များကို လက်ဖက်ခြောက်အိတ်ကဲ့သို့ အိတ်သန့်သန့်လေးတစ်ခုထဲ ပေါင်းထည့်လိုက်ပါ။
၂။ ကြက်ပြုတ်ရည်၊ ပဲငံပြာရည်အကြည်၊ သကြားညို၊ လိမ္မော်ခွံနှင့် စောစောကဟင်းခပ်အမွှေးအကြိုင်အိတ်များကို အိုးအကြီးတစ်လုံးထဲ ထည့်လိုက်ပါ။ ထို့နောက် ဆူပွက်လာအောင် တည်ထားပါ။
အနည်းငယ် ဆူပွက်လာပါက ကြက်တစ်ကောင်လုံးကို ထိုအိုးထဲ ထည့်လိုက်ပါ။ ဟင်းရည်အရောင်ကိုကြည့်ပြီး ပဲငံပြာရည် လိုအပ်ပါက ထပ်ထည့်နိုင်ပါတယ်။ ထို့နောက် မီးအေးအေးဖြင့် ၁ နာရီခန့် တည်ထားလိုက်ပါ။
သတ်မှတ်ချိန်ပြည့်လို့ ကြက်သားလည်း နူးအိသွားပြီဆိုရင်တော့ အိုးထဲကနေ ကြက်သားကို ဆယ်ယူလိုက်ပါ။
၃။ ထို့နောက် ကြက်ကောင်လုံးကို စဉ်းနီတုံးပေါ်တင်ပြီး အအေးခံထားလိုက်ပါ။ အေးသွားပြီဆိုရင်တော့ ထက်ခြမ်းခြမ်းပြီးနောက် အနေတော်အတုံး လှီးဖြတ်ပေးလိုက်ပါ။
ထို့နောက် ပန်းကန်ပြားထဲထည့်ကာ သခွားသီး၊ ခရမ်းချဉ်သီးတို့ဖြင့် အလှဆင်ပေးလိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သားငန်ဟင်းလျာလေး ရရှိသွားပါပြီ။
Source: Asianfoodnetwork.com