အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကြက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် ဟင်းခပ်အမွှေးအကြိုက်ရနံ့များ သင်းပျံ့နေတဲ့ ကြက်သားငန်ဟင်းလျာ ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက် ၁ ကောင် (အတွင်းကလီစာများကို ဖယ်ရှားကာ ရေဆေးသန့်စင်ထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၆ မြွှာ
  • နာနတ်ပွင့် ၃ ပွင့်
  • သစ်ကြမ်းပိုးခေါက် ၁ ချောင်း

  • ၅ စင်တီမီတာ ဂျင်းတုံး ၁ တုံး (အခွံခွာပြီးအချောင်းလိုက် ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၁ စည်း (အချောင်းလိုက် ခပ်ရှည်ရှည်နှင့် ပါးပါးလှီးထားပါ)
  • ကြက်ပြုတ်ရည် ၂ လီတာ
  • ပဲငံပြာရည်အကြည် ၂၅၀ မီလီလီတာနှင့် သကြား ၁၁၀ ဂရမ်
  • လိမ္မော်သီးအခွံ (သို့) ကမ္ဗလာသီးအခွံ ၄ ခုခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ် ထည့်ပါ။ ကြက်သွန်ဖြူ၊ နာနတ်ပွင့်၊ သစ်ကြမ်းပိုးခေါက်နှင့် ဂျင်းတို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

ထို့နောက် ကြက်သွန်မြိတ်ထည့်ကာ ၁ မိနစ်ခန့် ကြော်ပါ။

ရရှိလာတဲ့ ဟင်းခပ်အမွှေးအကြိုက်များကို လက်ဖက်ခြောက်အိတ်ကဲ့သို့ အိတ်သန့်သန့်လေးတစ်ခုထဲ ပေါင်းထည့်လိုက်ပါ။

၂။ ကြက်ပြုတ်ရည်၊ ပဲငံပြာရည်အကြည်၊ သကြားညို၊ လိမ္မော်ခွံနှင့် စောစောကဟင်းခပ်အမွှေးအကြိုင်အိတ်များကို အိုးအကြီးတစ်လုံးထဲ ထည့်လိုက်ပါ။ ထို့နောက် ဆူပွက်လာအောင် တည်ထားပါ။

အနည်းငယ် ဆူပွက်လာပါက ကြက်တစ်ကောင်လုံးကို ထိုအိုးထဲ ထည့်လိုက်ပါ။ ဟင်းရည်အရောင်ကိုကြည့်ပြီး ပဲငံပြာရည် လိုအပ်ပါက ထပ်ထည့်နိုင်ပါတယ်။ ထို့နောက် မီးအေးအေးဖြင့် ၁ နာရီခန့် တည်ထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်လို့ ကြက်သားလည်း နူးအိသွားပြီဆိုရင်တော့ အိုးထဲကနေ ကြက်သားကို ဆယ်ယူလိုက်ပါ။

၃။ ထို့နောက် ကြက်ကောင်လုံးကို စဉ်းနီတုံးပေါ်တင်ပြီး အအေးခံထားလိုက်ပါ။ အေးသွားပြီဆိုရင်တော့ ထက်ခြမ်းခြမ်းပြီးနောက် အနေတော်အတုံး လှီးဖြတ်ပေးလိုက်ပါ။

ထို့နောက် ပန်းကန်ပြားထဲထည့်ကာ သခွားသီး၊ ခရမ်းချဉ်သီးတို့ဖြင့် အလှဆင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သားငန်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Asianfoodnetwork.com