MyFood Myanmar ရဲ့ အစားအသောက်ချစ်သူတွေအတွက် ဒီတစ်ခါမှာတော့ ထမင်းပူပူလေးနဲ့ ပူပူနွေးနွေး စားတဲ့အခါ အရသာရှိတဲ့ မုန်လာဥ ငါးချဉ်ဟင်း ချက်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးကြင်း (သို့) ငါးမြစ်ချင်း (သို့) ငါးဝက်မ မိမိကြိုက်နှစ်သက်ရာ ငါးတစ်မျိုးမျိုး
  • မုန်လာဥဖြူ ၈ အောင်စ (လက်မဝက်အထူခန့် လှီးဖြတ်ထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း ၃ ပြား
  • ငရုတ်သီးတောင့် ၂ တောင့် (ပါးပါးလှီးထားပါ)

  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၅ ဇွန်းနှင့် ဆန်ဝိုင် စားပွဲတင်ဇွန်း ၃ ဇါန်း
  • ငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ ၂၅၀ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငါးကို ရေစင်အောင်ဆေးပြီးနောက် အနေတော် အတုံးများ တုံးထားလိုက်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည် စားပွဲတင်ဇွန်း ၅ ဇွန်း၊ ဆန်ဝိုင် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ငရုတ်နှစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သကြား စားပွဲတင်ဇွန်း ၂ ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ရေ ၂၅၀ မီလီလီတာတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး မုန်လာဥဖြူနှင့် စောစောကမွှေထားသော ဆော့စ်တို့ထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ၁၀ မိနစ်ခန့်တည်ထားပြီးတဲ့နောက်မှာ ဆော့စ်က ပျစ်သွားပါလိမ့်မယ်။ ထိုအချိန်ကျမှ ကြက်သွန်နီနှင့် ငရုတ်သီးတို့ထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် တည်ထားလိုက်ပါ။

၄။ သတ်မှတ်ထားသောအချိန်ပြည့်သွားပါက ငါးအတုံးများထည့်ကာ ၄ မိနစ်၊ ၅ မိနစ်ခန့် တည်ထားလိုက်ပါ။ ထို့နောက် ငါးကို တစ်ဖက်သို့လှန်ကာ နောက်ထပ် ၄ မိနစ်၊ ၅ မိနစ်ခန့် ထပ်တည်ပေးလိုက်ပါ။ ထိုအချိန်မှာ ဆော့စ်အနှစ်ကို ငါးအတုံးပေါ်သို့ အဆက်မပြတ် လောင်းပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မုန်လာဥ ငါးချဉ်ဟင်းလေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ ပူပူနွေးနွေး အရသာရှိရှိလေး သုံးဆောင်လိုက်ပါ။

Source: Koreanbapsang.com