အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ မြေပဲဆိုကြိုက်မှကြိုက်ဆိုတဲ့ စာဖတ်သူတိုပအတွက် မြေပဲပြုတ်ပြီး အရသာရှိရှိ ဘယ်လိုလုပ်စားလို့ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။
အရမ်းလည်းအရသာရှိပြီး အရင်စားနေကျနဲ့မတူတဲ့ အရသာလေးမို့ စာဖတ်သူတို့ အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။
ပါဝင်ပစ္စည်း
- မြေပဲ တစ်ခွက်
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- သာကြား စားပွဲတင်ဇွန်း ၁ ဇွန်း
- ကော်ရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ရေ ၁ ခွက်
- နှမ်းအနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး ရေ နှစ်ခွက်ကိုထည့်ပြီး မြေပဲကို ပြုတ်လိုက်ပါ။
အဲဒီနောက် မီးဖိုပေါ် ပြန်တင်လိုကပြီး ရေတစ်ခွက်၊ ပဲငံပြာရည်၊ သကြား၊ ကော်ရည်တို့ကိုထည့်လိုက်ပြီး မွှေလိုက်ပါ။
ဆူလာပြီဆိုရင် အပူလျှော့လိုက်ပြီး အဖုံးမပိတ်ဘဲ ထားထားပါ။
အနှစ်နည်းနည်းကျန်ရင် မီးဖိုပေါ်ကချပြီး နှမ်းလေးဖြူးပေးကာ သုံးဆောင်နိုင်ပါပြီနော်။
Source: www.koreanbapsang.com
By: MyFood Myanmar