အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ မြေပဲဆိုကြိုက်မှကြိုက်ဆိုတဲ့ စာဖတ်သူတိုပအတွက် မြေပဲပြုတ်ပြီး အရသာရှိရှိ ဘယ်လိုလုပ်စားလို့ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

အရမ်းလည်းအရသာရှိပြီး အရင်စားနေကျနဲ့မတူတဲ့ အရသာလေးမို့ စာဖတ်သူတို့ အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။

ပါဝင်ပစ္စည်း

  • မြေပဲ တစ်ခွက်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သာကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကော်ရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ ၁ ခွက်
  • နှမ်းအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ရေ နှစ်ခွက်ကိုထည့်ပြီး မြေပဲကို ပြုတ်လိုက်ပါ။

ရပြီဆိုရင် ရေဆစ်ပေးလိုက်ပါ။

အဲဒီနောက် မီးဖိုပေါ် ပြန်တင်လိုကပြီး ရေတစ်ခွက်၊ ပဲငံပြာရည်၊ သကြား၊ ကော်ရည်တို့ကိုထည့်လိုက်ပြီး မွှေလိုက်ပါ။

ဆူလာပြီဆိုရင် အပူလျှော့လိုက်ပြီး အဖုံးမပိတ်ဘဲ ထားထားပါ။

အနှစ်နည်းနည်းကျန်ရင် မီးဖိုပေါ်ကချပြီး နှမ်းလေးဖြူးပေးကာ သုံးဆောင်နိုင်ပါပြီနော်။

Source: www.koreanbapsang.com

By: MyFood Myanmar