အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ရိုးရှင်းပြီး အရသာရှိတဲ့ ကြက်သား ပဲငံပြာရည်ကြော် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ကြက်တောင်ပံ (၁၂) ခု
  • ဆား အနည်းငယ်
  • ဝိုင်အနည်းငယ်
  • ဂျင်း (ချင်း) အနည်းငယ်
  • ကြက်သွန်ဖြူ ၁ မွှာ

Source: IndiaMART

  • ကြက်သွန်နီ အနည်းငယ်
  • နာနတ်ပွင့် ၂ ပွင့်
  • ဆီ၊ သကြား အနည်းငယ်
  • ပဲငံပြာရည် အကြည် ၄၀ မီလီလီတာ
  • ပဲငံပြာရည် အနောက် ၂၀ မီလီလီတာ

ပြုလုပ်နည်း

အရင်ဆုံး ကြက်အတောင်ပံကို ရေသေချာဆေးလိုက်ပါ။ ပြီးရင်တော့ ဆားနဲ့ ဝိုင်ထည့်ပြီးနယ်လိုက်ပါ။

၁၅ မိနစ်လောက်ထားပါ။

ပြီးရင်တော့ တခြားပါဝင်ပစ္စည်းတွေကိုပြင်ဆင်ပါ။ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်တို့ကို လှီးထားပါ။ ပဲငံပြာရည်နဲ့ သကြားကို ပြင်ဆင်ထားပါ။

အိုးကိုအပူပေးလိုက်ပြီးဆီထည့်လိုက်ပါ။

ပြီးရင်တော့ ပါးပါးလှီးထားတဲ့ အသီးအရွက်တွေနဲ့ နာနတ်ပွင့်ထည့်လိုက်ပါ။

ပြီးရင်တော့ ကြက်တောင်ပံကိုထည့်ကြော်ပါ။

တောင်ပံက ရွှေဝါရောင်သန်းလာပြီဆိုရင် သကြားထည့်လိုက်ပါ။ သကြားအရည်မပျော်ခင် ခပ်မြန်မြန်လေး မွှေပေးပါ

ပြီးရင်တော့ ပဲငံပြာရည် နှစ်မျိုးလုံးကိုထည့်လိုက်ပါ။ ၆ မိနစ်လောက် အဖုံးအုပ်ပေးထားလိုက်ပါ။

ပြီးရင်တော့ အဖုံးကို ဖယ်လိုက်ပြီး မီးပြင်းပြင်နဲ့ ၅ မိနစ် ၆ မိနစ်လောက် ချက်ပေးပါ။

ကြက်သားနူးပြီဆိုရင် သုံးဆောင်လို့ရပါပြီနော်။

Source: www.yumofchina.com

By: MyFood Myanmar