အားလုံးပဲ မင်္ဂလာပါ။ အရှေ့တိုင်းဟင်းလျာတွေပဲ စားရတာ ငြီးငွေ့နေကြပြီဆိုတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ စပိန်စတိုင်လ် ဝက်သားလုံးကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပြုတ်ရည် ၁၀၀ မီလီလီတာခန့်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဂျုံမှုန့် ၁၀၇ ဂရမ်
  • နွားနို့ ၃၅၀ မီလီလီတာ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

  • ဝက်ပေါင်ခြောက် ၇၅ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ပေါင်မုန့်အကြေအစ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးထဲတွင် သံလွင်ဆီ စားပွဲတင်ဇွန်း ၈ ဇွန်းထည့်ပြီး အပူပေးလိုက်ပါ။ ဂျုံမှုန့်ထည့်ပြီး ၃ မိနစ်ခန့် တည်ပေးလိုက်ပါ။ အဆက်မပြတ် မွှေပေးဖို့ လိုပါလိမ့်မယ်။ နွားနို့နှင့် ကြက်ပြုတ်ရည်တို့ ထပ်ထည့်ပြီး မွှေပေးလိုက်ပါ။ မိနစ် ၃၀ ခန့် တည်ထားရပါမယ်။

၂။ မိနစ် ၃၀ ပြည့်ပါက ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ထပ်ထည့်ကာ အရည်များ ပျစ်လာသည်အထိ အဆက်မပြတ်မွှေပေးလိုက်ပါ။

၃။ ဝက်ပေါင်ခြောက်များ ထပ်ထည့်ပြီး မီးအပူချိန် နည်းနည်းလေးဖြင့် ၂ မိနစ်၊ ၃ မိနစ်ခန့် အဆက်မပြတ် မွှေပေးလိုက်ပါ။ ထို့နောက် မီးဖိုပေါ်က ဖယ်လိုက်ကာ အရသာအပေါ့အငန် မြည်းကြည့်လိုက်ပါ။

၄။ ၁၀ မိနစ်ခန့် အအေးခံပြီးနောက် ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၃ နာရီခန့် ထည့်ထားရပါမယ်။

၅။ အချိန်ပြည့်တဲ့အခါ အသားလိပ်ဖို့ပြင်ဆင်ရပါမယ်။ သင့်လက်ကို အသားမကပ်ဖို့အတွက် အရင်ဆုံး ဂျုံမှုန့်နဲ့ လူးပေးလိုက်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲ အအေးခံထားတဲ့ မုန့်နှစ်များကို အနေတော်အရွယ်အစားခန့် လိပ်ပေးလိုက်ပါ။

၆။ လိပ်ပြီးသွားတဲ့ အသားလိပ်များကို ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။ ပြီးရင် ပေါင်မုန့်အကြေအစများနဲ့ ကပ်ပေးလိုက်ပါ။

၇။ ဒယ်အိုးကို အပူပေးကာ သံလွင်ဆီထပ်ထည့်လိုက်ပါ။ ထို့နောက် ဆီပူပူထဲတွင် ဝက်သားလိပ်များ ရွှေညိုရောင်ပြောင်းလည်သည်အထိ ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ စပိန်စတိုင်လ် ဝက်သားလုံးကြော်လေးကို အရသာရှိရှိသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: thespruceeats.com