အားလုံးပဲမင်္ဂလာပါရှင့်။ ဒီတခါမှာတော့ ပုစွန်ကို အရသာရှိရှိ ချဉ်ချဉ် စပ်စပ်လေး သုပ်စားလို့ရအောင် မျှဝေပေးသွားမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
- ပုစွန်ပြုပ် (အကောင်လတ် ( ၁၀ ကောင်ခန့်) )
- ပါးပါးလှီးထားသော ကြက်သွန်နီ ၁ လုံး
- ပါးပါးလှီးထားသော .. အစေ့မပါ ခရမ်းချဉ်သီး တစ်လုံး
- ပါးပါးလှီးထားသော နံနံပင် အနည်းငယ်
- သံပုရာသီး တစ်ခြမ်း
- ငရုတ်သီးစိမ်း ၃ တောင့်
- ဆား အနည်းငယ်
- ငံပြာရည် အနည်းငယ်
- ဟင်းခတ်မှုန့် ( အနည်းငယ် )
- ပဲပြား အနည်းငယ် (မထည့်ချင်လည်းရပါတယ်)
ပြုလုပ်နည်း
ပါဝင်ပစ္စည်းတွေအားလုံးကို အတူတကွ ရောလိုက်ပြီး ခပ်ဖွဖွလေး သုပ်ပေးရမှာဖြစ်ပါတယ်။ ပြုလုပ်ရတာလည်း မခက်ဘဲ အရသာလည်းရှိတာမို့ စာဖတ်သူတို့ အကြိုက်တွေ့ကြမယ်လို့ ယုံကြည်ပါတယ်နော်။
By: MyFood Myanmar