အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အရသာရှိတဲ့ အမဲသားဟင်း အစပ်ချက်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့်
  • အမဲသား ၈၀၀ ဂရမ် (အတုံးခပ်ကြီးကြီး တုံးထားပါ)
  • ကြက်သွန်နီ ၁ ဥ (အခွံခွာပြီး ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ ၅ မြွှာ (အခွံခွာပြီး နုပ်နုပ်စဉ်းထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၂ ဇွန်း
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • စပါးလင် ၂ ပင် (အပြင်လွှာကို ဖယ်ရှားပြီးနောက် ပါးပါးလှီးထားပါ)
  • ငရုတ်သီးတောင့် အနီ ၂ တောင့်

  • မန်ကျည်းသီးအနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သကြားညို စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရှောက်ရွက် ၂ ရွက်
  • အုန်းနို့ ၈၀၀ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၁၅၀ ဒီဂရီစင်တီဂရိတ် (၃၀၀ ဒီဂရီဖာရင်ဟိုက်)ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။

၃။ အမဲသားတုံးများကို ပန်းကန်လုံးအကြီးထဲ ထည့်ကာ ဂျုံမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ပါ။

၄။ ရရှိလာတဲ့ အမဲသားတုံးများကို ဆီပူထဲထည့်ကာ အညိုရောင်ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားပါ။

၅။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထပ်ထည့်ပါ။ ထို့နောက် ကြက်သွန်နီထည့်ကာ ဆီသတ်ပါ။ ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်းမှုန့်တို့ထည့်ကာ ၂ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် စပါးလင်၊ ငရုတ်သီးတောင့်၊ မန်ကျည်းနှစ်၊ ငရုတ်ကောင်းမှုန့်၊ သစ်ကြမ်းပိုးခေါက်၊ ရှောက်ရွက်၊ သကြားနှင့် ဆားတို့ထည့်ကာ ၁ မိနစ်ခန့် သမအောင် မွှေပေးလိုက်ပါ။

၆။ သကြားများ ပျော်ဝင်သွားပြီဆိုရင်တော့ အုန်းနို့ထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ပါ။ ဆူပွက်ာလပါက အမဲသားကြော်များထည့်ကာ အဖုံးအုပ်ထားပြီး မီးအေးအေးဖြင့် တည်ထားလိုက်ပါ။ အမဲသားများ နူးအိသွားသည်အထိ ၁ နာရီခွဲမှ ၂ နာရီအထိ တည်ထားရပါမယ်။ (လိုအပ်ပါက ရေအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။)

ဟင်းရည်လည်း ခမ်းသွားပြီ၊ အမဲသားလည်း နူးအိသွားပြီဆိုရင်တော့ အရသာရှိတဲ့ အမဲသားဟင်း စပ်စပ်လေး ရရှိသွားပါပြီ။

Source: Kitchensanctuary.com