ဟင်းကို စပ်စပ်စားရတာ နှစ်သက်သူတွေ ခံတွင်းတွေ့မယ့် ဟင်းတစ်ခွက်ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသားကောင်းကောင်း – အစိတ်သား
  • စပါးလင် – တစ်ချောင်း
  • ဂျင်း (ချင်း) – လက်တစ်ဆစ်
  • ရခိုင်ငရုတ်သီးခြောက်အနီတောင့် – ၇ တောင့်

Source: Abel & Cole

  • မဆလာ၊ သကြား၊ ဆား၊ နနွင်း၊ ငံပြာရည် – အနည်းငယ်စီ
  • ဆီ – ငါးကျပ်သား
  • ကြက်သွန်နီ (ဥကြီး) – ၁ ဥ
  • ကြက်သွန်ဖြူ   – ၁၀ မြွှာ

ချက်ပြုတ်ပုံ

အမဲသားကို အရွယ်တော်အတုံးလေးများတုံးကာ ရေဆေးပြီး ငံပြာရည်၊ ဆား၊ သကြား၊ နနွင်းတို့နှင့် သမအောင်နယ်ပါ။ နယ်ပြီးလျှင် မိနစ် ၂၀ ၊ နာရီဝက် နှပ်ထားပါ။ အနှစ်အတွက် ကြက်သွန်ဖြူ-နီ၊ ချင်း၊ စပါးလင်နှင့် ငရုတ်သီးခြောက်တို့ကို ရောပြီး ညက်အောင်ထောင်းပါ။

ဟင်းစချက်မယ်ဆိုလျှင် ဒယ်ထဲကိုဆီထည့်ပြီး ဆီပူလာသည့်အခါ ကြက်သွန်အနှစ်ထည့် ဆီသပ်ပါ။ အနှစ်များ နွမ်းလာပြီဆိုလျှင် အမဲသားထည့်ပြီးမွှေကာ အသားနူးအောင် ရေကို မှန်းထည့်ပြီး အိုးကိုအဖုံးအုပ်တည်ရုံပါပဲ။ အမဲသားနူးလျှင် အရသာမြည်းပြီး လိုတာထည့်ကာ မဆလာအုပ်ပေးပြီး အိုးကိုချလိုက်ရုံပါပဲ။