အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ချဉ်ချဉ်စပ်စပ်လေး ကြိုက်တဲ့သူတွေအတွက် တုန်တုန်အိအိလေးနဲ့ စားလို့ကောင်းတဲ့ တို့ဖူး ချဉ်ချဉ်စပ်စပ် ချက်နည်းလေးကို မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • တို့ဖူး ၁ ထုပ်
  • ကြက်သွန်မြိတ် ၁ ချောင်း
  • ကြက်သွန်နီ အနည်းငယ်
  • မှို အနည်းငယ်
  • ငရုတ်သီး အစိမ်း (သို့) အနီတောင့် အနည်းငယ် (မိမိနှစ်သက်သလောက်ထည့်ပါ)

ဟင်းရည်ချက်ရန်အနှစ်

  • ငရုတ်သီး မှုန့်အနည်းငယ်
  • ငရုတ်သီး အနှစ် အနည်းငယ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား အနည်းငယ်
  • သကြား အနည်းငယ်
  • ကြက်သွန်ဖြူ အနည်းငယ်
  • ရေ (၁) ခွက်

ပြုလုပ်နည်း

အရင်ဆုံး တို့ဖူးလေးကို အတုံးလေးတွေလှီးလိုက်ပါ။

ငရုတ်သီးနဲ့ တခြားပါဝင်ပစ္စည်းတွေကိုလည်း လှီးလိုက်ပါ။

ဟင်းရည်လုပ်မယ့် အနှစ်ကို အတူတူဖျော်လိုက်ပါ။

ပြီးရင် အိုးထဲထည့်လိုက်ပြီး တို့ဖူးလည်းထည့်လိုက်ကာ ပွက်ပွက်ဆူအောင်သည်ပေးလိုက်ပါ။

ပြီးရင်တော့ စောစောလှီးထားတဲ့ အသီးအရွက်လေးတွေထည့်လိုက်ပါ။ သံပရာသီးအရည်ညှစ်ပေးလိုက်ပြီး ချဉ်ချဉ်၊ စပ်စပ်လေး သုံးဆောင်နိုင်ပါတယ်နော်။

Source: www.koreanbapsang.com

By: MyFood Myanmar