အာဟာရဖြစ်စေမယ့် စွပ်ပြုတ်လေးလည်း ပြုတ်သောက်ချင်တယ် ပူပူစပ်စပ်လေးကိုမှ သောက်ချင်တယ်ဆိုသူတွေအတွက် အခုဖော်ပြပေးမယ့် ကြက်သားစွပ်ပြုတ် အစပ်ချက်က စာဖတ်သူတို့အတွက် အထောက်အကူဖြစ်စေမှာပါ။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ပေါင်
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၅ ပင်
  • ကြက်သွန်ဖြူ ၅ မြွှာနှင့် နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်
  • ဆားနှင့် ငရုတ်ကောင်းမှုန့်
  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲသို့ ကြက်သား၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ် ၁ ပင်နှင့် ကြက်သွန်ဖြူတို့ကို ရေ ၅ ခွက် ( ၁ လီတာခွဲခန့်) တို့ထည့်ကာ မီးပြင်းပြင်းဖြင့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက မီးအပူချိန်ကို အနိမ့်ဆုံးသို့ လျော့ချကာ အိုးအဖုံးပိတ်ပြီး နောက်ထပ် ၈ မိနစ်ခန့် တည်ထားလိုက်ပါ။

၂။ ထို့နောက် မီးပိတ်ပြီး ကြက်သားကို ဆယ်ယူကာ အအေးခံလိုက်ပါ။ ကြက်ပြုတ်ရည်ကိုတော့ ပန်းကန်လုံးအကြီးထဲ ထည့်ထားလိုက်ပါ။ ကြက်သားအေးသွားပါက အသားကို နွှင်ပြီးနောက် ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ထားလိုက်ပါ။

၃။ စောစောက အိုးကို အပူပေးပြီး နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ငရုတ်သီးမှုန့်ထည့်ပြီးနောက် မီးပိတ်ပါ။ ထို့နောက် ငရုတ်နှစ်များ ဖြစ်သွားသည်အထိ မွှေပေးလိုက်ပါ။ ပဲငံပြာရည်နှင့် နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၄။ ပြီးရင်တော့ အိုးထဲသို့ ကြက်ပြုတ်ရည်ထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။ ကြက်သားနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် တည်ထားလိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

၅။ မီးဖိုပေါ်က ချခါနီးမှာတော့ မွှေခလောက်ထားသော ကြက်ဥကို လောင်းထည့်ပေးရပါမယ်။ (ကြက်ဥ ထည့်ပြီးတဲ့အခါ မွှေစရာမလိုပါဘူး။)

ဒါဆိုရင်တော့ အရသာပူပူစပ်စပ်လေးနဲ့ လျှာလည်သွားစေမယ့် ကြက်သားစွပ်ပြုတ် စပ်စပ်လေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source : Koreanbapsang.com