သင့်ရဲ့ မီးဖိုချောင်ထဲမှာ ခေါက်ဆွဲ၊ ကင်ချီတို့ အဆင်သင့်ရှိတယ်ဆိုရင် ကိုရီးယားစတိုင်လ် ကင်ချီအစပ် ခေါက်ဆွဲအေးလေး လုပ်စားကြည့်လိုက်ပါ။

ပါဝင်ပစ္စည်းများ

Source: Pinterest.com

  • အလုံးသေးသော ဂျုံခေါက်ဆွဲ ၈ အောင်စခန့်
  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကင်ချီ အနည်းငယ်နှင့် ကင်ချီအရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခေါက်ဆွဲပြုတ်ဖို့ရန်အတွက် အိုးထဲသို့ ရေထည့်ကာ ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၂။ ကင်ချီကို ပါးပါးလှီးပြီးနောက် ပန်းကန်လုံးထဲထည့်လိုက်ပါ။ ထိုပန်းကန်လုံးထဲသို့ ကင်ချီအရည်၊ ပဲငံပြာရည်၊ ရှာလကာရည်၊ သကြားနှင့် ငရုတ်နှစ်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၃။ အိုးထဲက ရေများ ဆူပွက်လာပါက ခေါက်ဆွဲများထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် ပြုတ်လိုက်ပါ။ ထို့နောက် မီးဖိုပေါ်ကချပြီးနောက် ရေနွေးများကို သွန်ပစ်လိုက်ပါ။ ထို့နောက် ရေအေးဖြင့် ခေါက်ဆွဲများ အေးသွားသည်အထိ ထပ်တလဲလဲ ဆေးပေးရပါမယ်။

၄။ ခေါက်ဆွဲများ အေးသွားပါက ပန်းကန်ထဲပြောင်းထည့်ပြီး စောစောကမွှေထားသော ကင်ချီအရောအနှောများကို ခေါက်ဆွဲထဲသို့ လောင်းထည့်လိုက်ပါ။ နှမ်းဆီ လောင်းထည့်က သမအောင် ရောနယ်လိုက်ပြီးနောက် အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ လိုအပ်ပါက ပဲငံပြာရည်၊ သကြား (သို့) ရှာလကာရည်တို့ ထပ်ထည့်နိုင်ပါတယ်။ နှမ်းကြိုက်တယ်ဆိုရင်တော့ နှမ်းလေးဖြူးထည့်ပေးလိုက်ပါ။


လှလှပပ အလှဆင်ချင်တယ်ဆိုရင်တော့ ကြက်ဥပြုတ် တစ်ခြမ်းနဲ့ ပါးပါးလှီးထားသော သခွားသီး (သို့) မိမိနှစ်သက်ရာ ဟင်းသီးဟင်းရွက် တစ်မျိုးမျိုးထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Koreanbapsang.com