အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ခေါက်ဆွဲကြိုက်တဲ့သူတွေအတွက် ဝက်သားခေါက်ဆွဲကြော် စပ်စပ်လေးကြော်စားလို့ရအောင် မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ဆီအနည်းငယ်
- ငရုတ်သီးအနည်းငယ်
- ဂျင်းတောက်တောက်စဉ်း အနည်းငယ်
- ကြက်သွန်ဖြူ ၅ မွှာ တောက်တောက်စဉ်းပါ
- ဝက်သား တောက်တောက်စဉ်း
- သကြားအနည်းငယ်
- ငရုတ်ကောင်းမှုန့်အနည်းငယ်
- ပဲငံပြာရည်အနည်းငယ်
- နှမ်းဆီအနည်းငယ်
- ငရုတ်သီးခြောက်ထောင်းကြော်အနှစ်အနည်းငယ်
- Spaghetti ခေါက်ဆွဲ (ခေါက်ဆွဲပါအညွှန်းအတိုင်းပြုတ်ပါ)
- ကြက်သွန်မြိတ်အနည်းငယ်
- မြေပဲအနည်းငယ်
- မုန်ညှင်းစိမ်းအနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံးဆီကိုအပူပေးလိုက်ပြီးငရုတ်သီးထည့်လိုက်ပါ။
ဂျင်းကိုထည့်လိုက်ပြီး ကြက်သွန်ဖြူထည့်ကြော်ပါ။
အဲဒီနောက် ငရုတ်ကောင်းမှု့န်ထည့်လိုက်ပြီး ဝက်သားထည့်ပါ။
ပြီးရင် သကြား၊ ပဲငံပြာရည်နဲ့ နှမ်းဆီနည်းနည်းထည့်လိုက်ပါ။ ပြီးရင် ငရုတ်သီးကြော်ရဲ့အနှစ်ထည့်လိုက်ပါ။
အဲဒီနောက် Spaghetti ခေါက်ဆွဲနဲ့ မြေပဲထည့်ကြော်လိုက်ပါ။ ကြက်သွန်မြိတ်ထည့်ကြော်လိုက်ပါ။
မုန်ညှင်းစိမ်းကိုရေဆေးလိုက်ပြီး ထည့်ကြော်ပေးပါ။
ပြီးရင်တော့ ပူပူလေးသုံးဆောင်လို့ရပါပြီနော်။
Photo: thewokoflife.com