(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ပင်လယ်စာ အစားအစာကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ပုစွန်အကြွပ်ကြော် စပ်စပ်လေး ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- တရုတ်နံနံ တစ်စည်း
- ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
- ငရုတ်သီးတောင့် ၆ တောင့်
- ငရုတ်ကောင်းစေ့ အနည်းငယ်
- တစ်လက်မပတ်လည် ဂျင်းတုံးတစ်တုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
- ပုစွန် ၁ ပေါင်
- ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
- ကြက်သွန်မြိတ် ၃ ပင် (ကြက်သွန်မြိတ် အဖြူနှင့် အစိမ်းပိုင်းကို သပ်သပ်စီ ပါးပါးလှီးထားပါ)
- နှမ်းစေ့အနည်းငယ်
- ဟင်းချက်ဆီ ၁၂၅ မီလီလီတာ
- ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
- ဂျင်းပြား ၂ ပြား
- ကြက်သွန်မြိတ် ၁ ပင် (ခပ်ရှည်ရှည် လှီးဖြတ်ထားပါ)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပုစွန်ကို စင်ကြယ်အောင် ဆေးကြောပြီးတဲ့နောက်မှာ ဟင်းချက်ဝိုင်၊ ဂျင်းပြား၊ အရှည်လိုက်လှီးဖြတ်ထားသော ကြက်သွန်မြိတ်ဖြင့် နယ်ထားပြီးနောက် ၁၀ မိနစ်ခန့် နှပ်ထားလိုက်ပါ။
၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ပြောင်းမှုန့်ထည့်ပြီးနောက် ပုစွန်ကို ပြောင်းမှုန့်ဖြင့် ကပ်ပေးလိုက်ပါ။
၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ပုစွန်များ ထည့်ကြော်ပေးလိုက်ပါ။ ပုစွန်များ ကျက်သွားပါက ပန်းကန်ပြားထဲ ဆယ်ထည့်ထားလိုက်ပါ။
၄။ ဒယ်အိုးထဲတွင် ဆီအများအပြား ပိုလျှံနေပါက ဆီများာကို ခပ်ထုတ်လိုက်ပြီး ဆီ စားပွဲတင်ဇွန်း တစ်ဝက်စာခန့်သာ ချန်ထားခဲ့ပါ။ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတောင့်တို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။ ထို့နောက် စောစောကကြော်ထားသော ပုစွန်များကို ဒယ်အိုးထဲထည့်ပြီး သမအောင် မွှေကြော်ပေးလိုက်ပါ။
၅။ တရုတ်နံနံထည့်ကာ တစ်မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။
ထိုအဆင့်များ အားလုံးပြီးသွားတဲ့အခါမှာတော့ မီးပိတ်ပြီးနောက် နှမ်းစေ့အနည်းငယ် ဖြူးထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ပုစွန်အကြွပ်ကြော် စပ်စပ်လေး ရရှိသွားပါပြီ။
Source: Chinasichuanfood.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ပင္လယ္စာ အစားအစာႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ဒီတစ္ခါမွာေတာ့ ပုစြန္အၾကြပ္ေၾကာ္ စပ္စပ္ေလး ေၾကာ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- တရုတ္နံနံ တစ္စည္း
- ေျပာင္းမႈန္႔ စားပြဲတင္ဇြန္း ၂ ဇြန္း
- ငရုတ္သီးေတာင့္ ၆ ေတာင့္
- ငရုတ္ေကာင္းေစ့ အနည္းငယ္
- တစ္လက္မပတ္လည္ ဂ်င္းတံုးတစ္တံုး (အေခ်ာင္းလိုက္ ပါးပါးလွီးထားပါ)
- ပုစြန္ ၁ ေပါင္
- ၾကက္သြန္ျဖဴ ၂ ျမႊာ (ပါးပါးလွီးထားပါ)
- ၾကက္သြန္ၿမိတ္ ၃ ပင္ (ၾကက္သြန္ၿမိတ္ အျဖဴႏွင့္ အစိမ္းပိုင္းကို သပ္သပ္စီ ပါးပါးလွီးထားပါ)
- ႏွမ္းေစ့အနည္းငယ္
- ဟင္းခ်က္ဆီ ၁၂၅ မီလီလီတာ
- ဆား လက္ဖက္ရည္ဇြန္း တစ္ဝက္
- ဟင္းခ်က္ဝိုင္ စားပြဲတင္ဇြန္း ၁ ဇြန္း
- ဂ်င္းျပား ၂ ျပား
- ၾကက္သြန္ၿမိတ္ ၁ ပင္ (ခပ္ရွည္ရွည္ လွီးျဖတ္ထားပါ)
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ပုစြန္ကို စင္ၾကယ္ေအာင္ ေဆးေၾကာၿပီးတဲ့ေနာက္မွာ ဟင္းခ်က္ဝိုင္၊ ဂ်င္းျပား၊ အရွည္လိုက္လွီးျဖတ္ထားေသာ ၾကက္သြန္ၿမိတ္ျဖင့္ နယ္ထားၿပီးေနာက္ ၁၀ မိနစ္ခန္႔ ႏွပ္ထားလိုက္ပါ။
၂။ ပန္းကန္လံုးအႀကီးတစ္လံုးထဲတြင္ ေျပာင္းမႈန္႔ထည့္ၿပီးေနာက္ ပုစြန္ကို ေျပာင္းမႈန္႔ျဖင့္ ကပ္ေပးလိုက္ပါ။
၃။ ဒယ္အိုးကို အပူေပးၿပီး ဆီထည့္ပါ။ ဆီပူလာပါက ပုစြန္မ်ား ထည့္ေၾကာ္ေပးလိုက္ပါ။ ပုစြန္မ်ား က်က္သြားပါက ပန္းကန္ျပားထဲ ဆယ္ထည့္ထားလိုက္ပါ။
၄။ ဒယ္အိုးထဲတြင္ ဆီအမ်ားအျပား ပိုလွ်ံေနပါက ဆီမ်ားာကို ခပ္ထုတ္လိုက္ၿပီး ဆီ စားပြဲတင္ဇြန္း တစ္ဝက္စာခန္႔သာ ခ်န္ထားခဲ့ပါ။ ဂ်င္း၊ ၾကက္သြန္ျဖဴ၊ ငရုတ္သီးေတာင့္တို႔ထည့္ၿပီး အနံ႔ေမႊးလာသည္အထိ ဆီသတ္ေပးလိုက္ပါ။ ထို႔ေနာက္ ေစာေစာကေၾကာ္ထားေသာ ပုစြန္မ်ားကို ဒယ္အိုးထဲထည့္ၿပီး သမေအာင္ ေမႊေၾကာ္ေပးလိုက္ပါ။
၅။ တရုတ္နံနံထည့္ကာ တစ္မိနစ္ခန္႔ ဆက္ေၾကာ္ေပးလိုက္ပါ။
ထိုအဆင့္မ်ား အားလံုးၿပီးသြားတဲ့အခါမွာေတာ့ မီးပိတ္ၿပီးေနာက္ ႏွမ္းေစ့အနည္းငယ္ ျဖဴးထည့္ေပးလိုက္ပါ။ ဒါဆိုရင္ေတာ့ အရသာရွိတဲ့ ပုစြန္အၾကြပ္ေၾကာ္ စပ္စပ္ေလး ရရွိသြားပါၿပီ။
Source: Chinasichuanfood.com