ပါဝင်ပစ္စည်းများ

  • မရမ်းသီးအစိမ်း
  • ငြုတ်စိမ်းတောင့်
  • ကြက်သွန်ဖြူ၊ ကြက်သွန်နီ
  • ငပိစိမ်းစား အကောင်းစား
  • ပုဇွန်ခြောက်မှုန့်၊ ငြုတ်ပုကျက်မှုန့်

ပြင်ဆင်ပြုလုပ်နည်း

၁။ မရမ်းသီးကို ထက်ခြမ်းခွဲ အစေ့ထုတ် ၊ ရေစိမ်ထားပါ။

၂။ ငြုတ်စိမ်းတောင့်များကို အညှာခြွေ ၊ ရေဆေးပြီး ဒယ်အိုးလေးနဲ့ လှော်ထားပါ။ ကြက်သွန်ဖြူ ကို ထက်ခြမ်းခွဲပြီး လှော်ထားပါ။ ကြက်သွန်နီ ၃ ဥ လောက် မပြတ်အောင် စိတ်ပြီး ကျက်အောင် မီးကင်ထားပါ။ ချောင်းသာ ငပိစိမ်းစားအကောင်းစား ယောင်းမမှာ ကပ်ပြီး ကျက်အောင်မီးကင်ထားပါ။

၃။ စထောင်းပါမယ် – ငြုတ်ဆုံထဲကို ငြုတ်သီးစိမ်းလှော်ထားတာ အရင်ထည့်ပါ။ ညက်ရင် ကြက်သွန်ဖြူ လှော်တာထည့်ထောင်းပါ။ ညက်ရင် ကြက်သွန်နီမီးကင်ထားတာ ထည့်ထောင်းပါ။ ညက်ရင် ပုဇွန်ခြောက်မူန့်ထည့်။ အချိုမူန့် အနည်းငယ်ထည့်ထောင်းပြီး ငပိစိမိးစားမီးကင်ထည့်ထောင်းပါ။ အားလုံးသမအောင် ဇွန်းတချောင်းနဲ့ မွှေလိုက်ထောင်းလိုက် လုပ်ပါ။ ငြုတ်ကျက်မူန့် ထည့်ထောင်းပါ။ နောက်ဆုံးမှ မရမ်းသီးခွဲခြမ်းတွေ ထည့်ထောင်းပါ။

၄။ အရမ်းညက်အောင် မထောင်းရပါ။ အရည်တွေထွက်တတ်လို့ မညက်တညက်လောက်ထောင်းပြီးရင် မရမ်းသီးစိမ်းငပိထောင်း ချဉ်ငန်စပ်ရပါပြီ။ ကြက်သွန်နီနဲ့ မရမ်းသီးပါလို့ အပြင်မှာကြာကြာ ထားစားလို့မခံပါ။ ရေခဲသေတ္တာထဲ ထည့်ပြီး နည်းနည်းချင်း ထုတ်စားရင် ကြာကြီးထားစားလို့ရပါတယ်။

Credit: Ohnmar Kyi