အားလုံးပဲမင်္ဂလာပါနော်။ လူအများစု ကြိုက်ကြတဲ့ ပသျှူးထမင်းကြော်လေးက ပူပူစပ်စပ်အရသာလေးနဲ့ အရမ်းကို အရသာရှိပါတယ်။ လူကြိုက်များပြီး စာရေးသူလည်း ဆိုင်ထိုင်တိုင်း မကြာခဏ မှာစားတတ်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ စာဖတ်သူတို့ထဲမှာလည်း ပသျှူးထမင်းကြော်ကြိုက်တဲ့သူတွေရှိမယ်ထင်ပါတယ်နော်။ ဆိုတော့ ပသျှူးထမင်းကြော်လေးကို ဘယ်လိုကြော်ရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ထမင်း ၁ လုံး
  • ကြက်ဥ ၁လုံး
  • ကြက်ရင်အုံသား အနည်းငယ်/ပုစွန်အနည်းငယ်
  • ကြက်သွန်နီ တစ်ခြမ်း
  • ကြက်သွန်ဖြူ တစ်မွှာ

  • ခရမ်းချဉ်သီး ၁ လုံး
  • ပန်းဂေါ်ဖီအနည်းငယ်
  • မုန်လာဥနီ အသေး ၁ ဥ
  • ပဲတောင့်ရှည် ၁ တောင့် (၂တောင့်)
  • ငရုတ်သီးအစိမ်းတောင့် ၂ တောင့်

  • မာဆလာအနည်းငယ်
  • ငရုတ်သီးအနှစ် အနည်းငယ်
  • ခရုဆီအနည်းငယ်
  • ပဲငံပြာရည်အနည်းငယ်
  • ဆားအနည်းငယ်

ငရုတ်သီးအနှစ်လုပ်ရန်

  • ငရုတ်သီးခြောက်တောင့် ၁၀ တောင့်
  • ရေ အနည်းငယ်

အရင်ဆုံး ငရုတ်သီးကို ရေစိမ်ပြီး ညက်နေအောင်ထောင်းလိုက်ပါ။ ပြီးရင် ရေထည့်လိုက်ပြီး ဆီနဲ့ ကြော်လိုက်ပါ။ ပျစ်ပျစ်လေးဖြစ်လာရင်ရပါပြီနော်။

ချက်ပြုတ်နည်း

Photo: www.mykoreankitchen.com

အရင်ဆုံး ထမင်းကို ဖွလိုက်ပြီး ဆား၊ ပဲငံပြာရည်အကြည်တို့နဲ့ ဖွဖွနယ်လိုက်ပါ

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ တောင့်ရှည်၊ ပန်းဂေါ်ဖီတွေကို ပါးပါးလှီးပြီး ပြင်ဆင်ထားပါ။

ပြီးရင် ကြက်ဥကို ဖောက်ထည့်လိုက်ပြီး မွှေပေးလိုက်ပါ။

ငရုတ်သီးအစိမ်းကို ထက်ခြမ်းခြမ်းထားပါ။ ဆီထည့်လိုက်ပြီး ကြက်သွန်ဖြူ ဆီသတ်ပါ။ အနံ့မွှေးလာရင် ပုစွန် (သို့) ကြက်သားတုံးလေးတွေ တွေထည့်လိုက်ပါ။ အသားရပြီဆိုရင် ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတို့ကို ထည့်မွေလိုက်ပါ။

ပြီးရင် ခရုဆီ နဲ့ ဆားနည်းနည်းထည့်ပါ။ မာဆလာ အနည်းငယ်ထည့်ပါ။ နံှ့အောင်မွှေပေးလိုက်ပြီး အရသာမြည်းကြည့်ပါ။

ငရုတ်သီးအနှစ်ထည့်လိုက်ပြီး သမအောင်ကြော်လိုက်ပါ။ (အစပ်ကြောက်လျှင် မထည့်လို့ရပါတယ်) ထမင်း အနည်းနည်းလေး ခြောက်လာပြီးရင် ရပါပြီနော်။ ငုံးဥကြိုက်ရင် ငုံးဥထည့်ပါ။

By: MyFood Myanmar