အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်သားကို ခပ်စပ်စပ်လေး ကြော်စားရအောင်ပါ။ ကြက်သွန်ဖြူ အစပ်ကြော်လေးနဲ့ ကြော်ပေးမယ်ဆိုရင်တော့ တကယ်ကို အရသာရှိပြီး ခံတွင်းတွေ့စေမှာသေချာပါတယ်။

အရမ်းလည်းလွယ်တယ်ဆိုတော့ ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။

ကြက်သားနယ်မယ့် ဆော့စ်လုပ်နည်း

  • ဆန်အရက် စားပွဲတင်ဇွန်း ၁ ဇွန်း (သို့) ဝိုင်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဆားအနည်းငယ်

ပါဝင်ပစ္စည်း

  • ကြက်သား
  • ငရုတ်သီး အခြောက်
  • ကြက်သွန်မြိတ်၊ ငရုတ်ပွသီး အနီ၊ အစိမ်းသီး၊ ကြက်သွန်နီ အနည်းငယ်
  • သံပယိုသီး အနည်းငယ် ပါးပါးလှီးပါ
  • ဆီ

ကြက်သွန်ဖြူ ဆော့စ်လုပ်ရန်

  • ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကမာဆော့ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဝိုင်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ကြက်သွန်ဖြူ တောက်တောက်စဉ်းအနည်းငယ်
  • ဂျင်း အနည်းငယ်
  • နှမ်းဆီ အနည်းငယ်
  • သံပယိုရည် အနည်းငယ်

ပြုလုပ်နည်း

ကြက်သားကို ဆော့စ်လုပ်တဲ့နေရာမှာ ပါဝင်ပစ္စည်းတွေနဲ့ နယ်လိုက်ပါ။

၁၅ မိနစ်လောက် နှပ်ထားပါ။

အဲဒီနောက် ဆီများများနဲ့ ကြော်ပေးလိုက်ပါ။

အဲဒီနောက် ကြက်သွနီ ငရုတ်သီး ကြက်သွန်ဖြူ စတာတွေကို ဆီသတ်လိုက်ပါ။

ပြီးရင်တော့ ငရုတ်ပွသီး တွေကိုထည့်လိုက်ပါ။ ကြက်သွန်နီဆော့စ်ကို ထည့်လိုက်ပါ။ ပြီးရင် နည်းနည်းလေးဆူအောင်ထားပြီး အရည်ပျစ်လာအောင်ထားပါ။

အဲဒီနောက် ကြက်သားကို ထည့်လိုက်ပါ။ ပြီးရင် သေချာမွှေပေးလိုက်ပါ။

ရပြီဆိုရင် မီးဖိုပေါ်က ချပြီး ပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီနော်။

Source: www.mykoreankitchen.com

By: MyFood Myanmar