အားလုံးပဲ မင်္ဂလာပါ။ အသားထဲမှာမှ ဝက်သားကို ကြိုက်တဲ့သူများ၊ တစ်ဖန် အရိုးထဲက အသားက ပိုအရသာရှိလို့ ဝက်နံရိုးကိုမှ စားချင်ပါတယ်ဆိုတဲ့ အစားအသောက်ချစ်သူတွေအတွက် ဒီတစ်ခါမှာတော့ ဝက်နံရိုး အစပ်ချက်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၁၆ အောင်စ
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • မြေပဲဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ရေနွေး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲတွင် ရေနွေးကို ပွက်ပွက်ဆူအောင်တည်ပြီးနောက် ဝက်နံရိုးများကို ၁ မိနစ်ခန့် ထည့်ပြုတ်လိုက်ပါ။ ထို့နောက် ဝက်နံရိုးများကို ရေအေးတွင် ဆေးချပေးလိုက်ပါ။

၂။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး မြေပဲဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူတစ်ဝက်နှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။ ထို့နောက် ငရုတ်သီးအနှစ်များထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်ပေးလိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ဝက်နံရိုးများကို ဒယ်အိုးထဲထည့်ကာ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ ဝက်နံရိုးများ နဂိုမူလအရောင် ပျောက်သွားပါက ရေနွေးလောင်းထည့်လိုက်ပါ။ (ဝက်နံရိုးများ မြှုပ်သွားတယ်ဆိုရုံလောက်သာထည့်ပါ။ အများကြီး ထည့်စရာမလိုပါဘူး)

ထို့နောက် ဒယ်အိုးအဖုံး ဖုံးထားပြီး ၁၅ မိနစ်ခန့် တည်ထားပါ။ ၁၅ မိနစ်ပြည့်ပါက အိုးအဖုံးဖွင့်ပြီး ဟင်းအနှစ်များ ပျစ်သွားသည်အထိ မွှေပေးပါ။ ထို့နောက် ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။

၅။ ဟင်းချက်ဝိုင်ကလည်း ပျစ်သွားပြီဆိုရင်တော့ ကျန်ရှိနေတဲ့ ကြက်သွန်ဖြူကို အိုးထဲထည့်ပြီး သမအောင် ထပ်မွှေပေးလိုက်ပါ။

ထို့နောက် မီးဖိုပေါ်ကချပြီး ပန်းကန်လုံးထဲပြောင်းထည့်ကာ ကြက်သွန်မြိတ် အနည်းငယ် ဖြူးပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်နံရိုး အစပ်ချက်ဟင်းလျာလေး ရရှိသွားပါပြီ။ ထမင်းနဲ့ အတူတူ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Chinasichuanfood.com