အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ တို့ဖူးကို ကြက်သွန်ဖြူလေးနဲ့ စပ်စပ်လေး ချက်စားနည်းကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- တို့ဖူး ၁ ထုပ် (အတုံးလေးတွေလှီးလိုက်ပါ)
- ကြက်သွန်ဖြူ ၁၀ မွှာပါးပါးလှီးပါ
- ဝက်သားတောက်တောက်စဉ်းအနည်းငယ်
- ကြက်သွန်နီ အကြီး ၂ လုံး ပါးပါးလှီးပါ
- ဆီ စားပွဲတင်ဇွန်း ၃ဇွန်း
- ပဲပုပ်အနှစ် စားပွဲတင်ဇါန်း ၁ ဇွန်း
- ဝိုင် ခွက်တစ်ဝက်
- ငရုတ်ကောင်းအနည်းငယ်
- သကြား အနည်းငယ်
- နှမ်းဆီအနည်းငယ်
- ကြက်သားပြုတ်ရည် (သို့) အသီးအရွက်ပြုတ်ရည် ၁ ခွက်ခွဲ
- ကော်မှုန်စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေ စားပွဲတင်ဇွန်း ၁ ဇွန်းရောပါ
- ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးပါ)
- ဆား
ပြုလုပ်နည်း
အရင်ဆုံး ဆီကိုအပူပေးလိုက်ပါ။ ကြက်သွန်ဖြူထည့်လိုက်ပါ။ ရွှေရောင်လေးသန်းလာရင် ဝက်သားထည့်ပါ။
ဝက်သားရခါနီးရင် ကြက်သွန်မြိတ်ထည့်လိုက်ပါ။
ကြက်သွန်မြိတ် နွမ်းသွားရင် ပဲပုပ်အနှစ်၊ နှမ်းဆီ၊ ငရုတ်ကောင်း၊ သကြားဈ ဝိုင်တို့ကိုထည့်လိုက်ပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ အပျစ်အကျဲအနေအထားရောက်ရင်တော့ ကြက်စွပ်ပြုတ် (သို့) အသီးအရွက်ပြုတ်ရည်ထည့်လိုက်ပါ။
တို့ဖူးနဲ့ ဆားထည့်ပါ။ ညင်သာစွာမွှေလိုက်ပါ။ ဆူလာရင် ၂ မိနစ်လောက်ထားပါ။
အဲဒီနောက် ကော်ရည်ထည့်လိုက်ပါ။ ကြက်သွန်မြိတ်ထည့်လိုက်ပြီး ညင်သာစွာမွှေပါ။ ခပ်ပျစ်ပျစ်လေးဖြစ်လာရင် မီးဖိုပေါ်ကချပြီး သုံးဆောင်နိုင်ပါပြီနော်။
Source: www.thewokoflife.com
By: MyFood Myanmar