အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မြန်မာလူမျိုးတွေရဲ့အသည်းစွဲ ကောက်ညှင်းဆီထမင်းကို အရသာအသစ်အဆန်းလေးဖြစ်အောင် မြည်းစမ်းနိုင်မယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

ကြက်ဥ၊ ပုစွန်ခြောက်၊ အုန်းသီးဖတ်တွေအပြင် ငရုတ်သီးတွေပါ ထည့်ချက်ထားတဲ့ ကောက်ညှင်းစပ်စပ် ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၅ လုံး
  • ကောက်ညှင်းဆန် ၁၀၀ ဂရမ် (တစ်ညခန့် ရေစိမ်ထားပါ)
  • ငရုတ်သီး အနီ ၁ တောင့်နှင့် ငရုတ်ပွ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • အုန်းသီးဖတ်အနည်းငယ်

  • ပုစွန်ခြောက် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • နံနံပင် ၅ ရွက်ခန့်
  • Sour Cream လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဆီနှင့် ဆား

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကောက်ညှင်းဆန်ကို ရေအနည်းငယ်ဖြင့် မိနစ် ၂၀ ခန့် ထည့်ချက်ထားလိုက်ပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥဖောက်ထည့်ကာ မွှေခလောက်လိုက်ပါ။ ထို့နောက် ငရုတ်သီး၊ ကြက်သွန်မြိတ်၊ အုန်သီးဖတ်အနည်းငယ်၊ ပုစွန်ခြောက်နှင့် သကြားတို့ထည့်ကာ သမအောင် မွှေခလောက်ပေးလိုက်ပါ။

ကျန်ရှိနေတဲ့ ပုစွန်ခြောက်အနည်းငယ်နှင့် အုန်းသီးဖတ်အနည်းငယ်တို့ကို ကျေညှက်နေအောင် ရောထောင်းထားလိုက်ပါ။

၃။ ကောက်ညှင်းဆန်က ကျက်သွားပြီဆိုရင်တော့ ကြက်ဥအရောအနှောများကို လောင်းထည့်ကာ ၁ မိနစ်ခန့် တည်ထားလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့ လှန်ကာ နောက်ထပ် ၁ မိနစ်ခန့် ထပ်ချက်ပေးလိုက်ပါ။

၄။ နှစ်ဖက်စလုံး ကြော်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်ဥ ကောက်ညှင်းထမင်းကြော်လေး ရရှိသွားပါပြီ။ စောစောက ထောင်းထားသော ပုစွန်ခြောက်အုန်းသီးမှုန့်များ ဖြူးထည့်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Asianfoodnetwork.com