အားလုံးပဲ မင်္ဂလာပါ။ အကြော်အလှော်တွေ စားသုံးတဲ့အခါ ငရုတ်သီးဆော့စ် ကောင်းကောင်းလေးနဲ့ တို့စားချင်သူများအတွက် ပါဝင်ပစ္စည်း (၄) မျိုးတည်းနဲ့ ပြင်ဆင်ပြုလုပ်နိုင်တဲ့ ငရုတ်သီးဆော့စ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မိုင်ရောနိစ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ညှက်နေအောင် ထောင်းထားသော ငရုတ်သီးတောင်း (သို့) ရယ်ဒီမိတ် ကိုရီးယားငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သံပုယိုရည် (သို့) သံပုရာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား အနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် မိုင်ရောနိစ်၊ ငရုတ်သီးထောင်း (သို့) ငရုတ်နှစ်၊ သံပုယိုရည် (သို့) သံပုရာရည်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ နှံ့စပ်သွားပြီး လိမ္မော်ရောင် ပြောင်းသွားသည်အထိ မွှေပေးလိုက်ပါ။

ထိုကဲ့သို့ မွှေပေးလိုက်ရုံနဲ့တင် ငါးအသားလုံးကြော်နှင့် အခြားအသားကြော်များ၊ အာလူးကြော်၊ အသုပ်စတဲ့ အစားအစာများနဲ့ တို့စားနိုင်တဲ့ ငရုတ်သီးဆော့စ်ကောင်းကောင်းလေးတစ်ခွက် ရရှိသွားပါပြီ။

Source: Mykoreankitchen.com