အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ငါးကင် ကြိုက်နှစ်သက်သူများအတွက် ငါးကင် အစပ် ကင်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မိမိကြိုက်နှစ်သက်ရာ ငါး ၁ ကောင်
  • ထောင်းထားသော ကြက်သွန်ဖြူနှင့် ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဆား အနည်းငယ်
  • သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • သံပုယိုသီးစိပ် အနည်းငယ်
  • ကြက်သွန်ဖြူ ၄ မြွှာ (အခွံခွာထားပါ)
  • ငရုတ်သီးစိမ်း ၃ တောင့် (ထက်ခြမ်း ခြမ်းထားပါ)
  • နံနံပင်အနည်းငယ်
  • ဆီ အနည်းငယ်နှင့် မဆလာအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ထောင်းထားသော ဂျင်း ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သံပုယိုရည်နှင့် ဆားတို့ထည့်ကာ သမအောင် ရောမွှေပါ။

၂။ ငါးကို ရေဖြင့် သန့်စင်အောင် ဆေးကြောပြီးနောက် ရေခြောက်အောင် သုတ်ပါ။ ထို့နောက် ငါးကို အစင်းရာ ၃ ကြောင်း၊ ၄ ကြောင်းခန့်ပေးပါ။ ငါးရဲ့ဝမ်းဗိုက်ကို လက်မဝက် အနက်ခန့် ဓားရာပေးပါ။

၃။ ထို့နောက် စောစောက နယ်ထားသော ဆော့စ်အရောအနှောများဖြင့် ငါးရဲ့အတွင်းမျက်နှာပြင်နဲ့ အပြင်ဘက်ကို သုတ်လိမ်းပေးလိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ငါးရဲ့ဝမ်းဗိုက်အတွင်းမှတဆင့် သံပုယိုသီးစိပ်များ၊ ကြက်သွန်ဖြူ ၅ မြွှာခန့်၊ ငရုတ်သီးစိမ်း၊ နံနံပင်နှင့် ဆားတို့ ထည့်ကာ အစာသွပ်ထားပါ။ ထို့နောက် ငါးကို ခဲဖတ်ဖြင့် အုပ်ထားကာ ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၁ နာရီခန့် သိပ်ထားပါ။

၅။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အကင်မီးဖိုကို အပူပေးပါ။ ထို့နောက် ငါးကို အကင်မီးဖိုပေါ်တွင် တင်ထားကာ ဆီ အနည်းငယ်ဖြင့် သုတ်လိမ်းပါ။ မဆလာ အနည်းငယ်ဖြူးပါ။ ထို့နောက် ၈ မိနစ်၊ ၁၀ မိနစ်ခန့် ကင်ပေးလိုက်ပါ။

ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ ဆီအနည်းငယ်သုတ်လိမ်းပါ။ မဆလာအနည်းငယ် ဖြူးပါ။ ထို့နောက် ၈ မိနစ်၊ ၁၀ မိနစ်ခန့် ကင်ပေးလိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ငါးကင်စပ်စပ်လေး ရရှိသွားပါပြီ။

Source: Masalakorb.com