အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်သားကင် စပ်စပ် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- အရိုးမပါတဲ့ ကြက်သား ၂၀ ကျပ်သား
- ကိုရီးယား ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၃ ဇွန်း
- သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
- ဝိုင်ဖြူ စားပွဲတင်ဇွန်း၂ ဇွန်း
- အရောင်တင်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
- ပျားရည် စားပွဲတင်ဇွန်း ၃ ဇွနး
- နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူ တောက်တောက်စဉ်းအနည်းငယ်
- ကြက်သွန်နီ တောက်တောက်စဉ်းအနည်းငယ်
- ဂျင်း တောက်တောက်စဉ်း အနည်းငယ်
- ဆား အနည်းငယ်
- ငရုတ်ကောင်းမှုန့် အနည်းငယ်
အရင်ဆုံး ကြက်သားကို ရေသေချာဆေးပြီး အတုံးလေးတွေ လှီးလိုက်ပါ။
ကျန်တဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို သေချာရောပြီး မွေလိုက်ပါ။
ပြီးရင် ကြက်သားနဲ့ နာရီအနည်းငယ်လောက် စိမ်ပေးထားလိုက်ပါ။
အဲဒီနောက် မီးသွေးမီးဖိုလိုက်ပြီး အကင်ပြားကို ခံလိုက်ကာ ကင်ပေးလိုက်ပါ။
တစ်ဖက်ကို ၄ မိနစ် ကနေ ၆ မိနစ်အထိကင်ပေးပါ။ ရပြီဆိုရင်တော့ ပူပူလေး သုံးဆောင်လို့ရပါပြီနော်။
Source : www.koreanbapsang.com
By: MyFood Myanmar