အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်လ် ကြက်ကင် အစပ်အရသာပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အရိုးမပါတဲ့ ကြက်ပေါင်သား ၂ ပေါင်
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆန်ဝိုင် (သို့) ဝိုင်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ဂျင်း အနည်းငယ်
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားများကို ရေစင်စင်ဆေးပြီး အတုံးခပ်ကြီးကြီးတုံးထားလိုက်ပါ။ ကြက်သားမှလွဲ၍ ကျန်ရှိနေသော ပါဝင်ပစ္စည်းများ အားလုံးကို ပန်းကန်လုံးအသေးတစ်လုံးထဲထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။

၂။ ရရှိလာတဲ့ ငရုတ်နှစ်အရည်နဲ့ ကြက်သားများကို နယ်ဖတ်ပြီးနောက် ငရုတ်နှစ်များ အသားထဲ စိမ့်ဝင်သွားဖို့ရန်အတွက် အနည်းဆုံးတစ်နာရီခန့် စိမ်ထားရပါမယ်။ (တစ်ညတာလုံး စိမ်ထားပြီး ရေခဲသေတ္တာထဲ ထည့်ထားပါက အရသာပိုကောင်းမှာဖြစ်ပါတယ်။)

၃။ အကင်မီးဖိုကို အပူပေးပြီးအောင် အကင်ပြားကို ဆီသုတ်ပြီးနောက် ကြက်သားတုံးများ ကင်ထားလိုက်ပါ။ တစ်ဖက်စီကို ၄ မိနစ်မှ ၆ မိနစ်ခန့် ကင်ပေးရပါမယ်။

အားလုံးကင်ပြီးသွားတဲ့အခါမှာတော့ ကိုရီးယားစတိုင်လ် အစပ်အရသာ ကြက်သားကင်လေးရရှိသွားပြီပဲဖြစ်ပါတယ်။

Source: koreanbapsang.com