(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ရယ်ဒီမိတ်ပုစွန်ကင်တွေ စားမယ့်အစား အာဟာရပြည့်ဝပြီး အရသာလည်း အင်မတန်ရှိတဲ့ ပုစွန်ကင်စပ်စပ်လေးကို ကိုယ်တိုင်ကိုယ်ကျ မလုပ်စားကြည့်ချင်ကြဘူးလား။
အချိန်ပေးနိုင်တယ်ဆိုရင်တော့ အားလပ်ရက်လေးမှာ အိမ်သူအိမ်သားတွေနဲ့အတူတူ ပျော်ပျော်ပါးပါး လုပ်စားကြည့်လိုက်ရအောင်နော်။
ပါဝင်ပစ္စည်းများ
• ပုစွန် အကောင်ကြီး ၁ ပေါင်ခန့်
• ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
• သံလါင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
• ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
• သကြား (သို့) ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
• ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဖွန်း
• ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
• ပုစွန်ကင် ထိုးရန် တုတ်ချောင်း အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပုစွန်များ အခွံခွာပြီး ရေဆေးချိန်မှာ ဝါးတုတ်များကို ရေထဲတွင် စိမ်ထားလိုက်ပါ။
ဝါးတုတ် တစ်ချောင်းစီကို ပုစွန် ၃ ၊ ၄ ကောင်ခန့် ထိုးထားပြီးနောက် ဆား၊ ငရုတ်ကောင်းတို့ ဖြူးထားလိုက်ပါ။
၂။ ပန်းကန်လုံးတစ်လုံးထဲတွင် သံလွင်ဆီ၊ ကြက်သွန်ဖြူ၊ သံပုယိုရည်၊ ငရုတ်နှစ်နှင့် သကြား (သို့) ပျားရည်တို့ထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။
၃။ ထို့နောက် ပုစွန်များကို နယ်ထားသော ငရုတ်နှစ်များဖြင့် ညီညီညာညာသုတ်လိမ်းပေးလိုက်ပါ။ အသားထဲသို့ စိမ့်ဝင်သွားဖို့ရန်အတွက် မိနစ် ၃၀ ခန့် စောင့်ပေးရပါမယ်။
၄။ မိနစ် ၃၀ ပြည့်တဲ့အခါမှာတော့ အကင်မီးဖိုကို အဆင်သင့်ပြင်ထားလိုက်ပါ။ အကင်မီးဖိုကို ဆီအနည်းငယ် သုတ်လိမ်းထားလိုက်ပါ။ ထို့နောက် ပုစွန်များ ထည့်ကင်လို့ရပါပြီ။
ပုစွန်တစ်ဖက်စီကို တစ်မိနစ်၊ နှစ်မိနစ်ခန့် ကင်ပေးလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့ လှန်ပြီး နောက်ထပ် တစ်မိနစ်၊ နှစ်မိနစ်ခန့် ကင်ပေးလိုက်ပါ။ ပုစွန်များ ကွေးသွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။
ရရှိလာတဲ့ ပုစွန်ကင်လေးကို ပန်းကန်ထဲပြောင်းထည့်ပြီးနောက် ကြက်သွန်မြိတ် ထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
သူ့ချည်းပဲ စားမယ်ဆိုရင်လည်း အရသာရှိသလို ထမင်းနဲ့ တွဲစားမယ်ဆိုရင်လည်း ဗိုက်ပြည့်ပြီး အာဟာရပြည့်ဝစေမှာပါ။
Source: Koreanbapsang.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ရယ္ဒီမိတ္ပုစြန္ကင္ေတြ စားမယ့္အစား အာဟာရျပည့္ဝၿပီး အရသာလည္း အင္မတန္ရွိတဲ့ ပုစြန္ကင္စပ္စပ္ေလးကို ကိုယ္တိုင္ကိုယ္က် မလုပ္စားၾကည့္ခ်င္ၾကဘူးလား။
အခ်ိန္ေပးႏိုင္တယ္ဆိုရင္ေတာ့ အားလပ္ရက္ေလးမွာ အိမ္သူအိမ္သားေတြနဲ႔အတူတူ ေပ်ာ္ေပ်ာ္ပါးပါး လုပ္စားၾကည့္လိုက္ရေအာင္ေနာ္။
ပါဝင္ပစၥည္းမ်ား
- ပုစြန္ အေကာင္ႀကီး ၁ ေပါင္ခန္႔
- ဆားႏွင့္ ငရုတ္ေကာင္းမႈန္႔ အနည္းငယ္
- သံလါင္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္း
- ပါးပါးလွီးထားေသာ ၾကက္သြန္ျဖဴ လက္ဖက္ရည္ဇြန္း ၁ ဇြန္း
- သံပုယိုရည္ စားပြဲတင္ဇြန္း ၂ ဇြန္း
- သၾကား (သို႔) ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း
- ငရုတ္သီးအႏွစ္ စားပြဲတင္ဇြန္း ၂ ဖြန္း
- ၾကက္သြန္ၿမိတ္ ၁ ပင္ (ပါးပါးလွီးထားပါ)
- ပုစြန္ကင္ ထိုးရန္ တုတ္ေခ်ာင္း အနည္းငယ္
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ပုစြန္မ်ား အခြံခြာၿပီး ေရေဆးခ်ိန္မွာ ဝါးတုတ္မ်ားကို ေရထဲတြင္ စိမ္ထားလိုက္ပါ။
ဝါးတုတ္ တစ္ေခ်ာင္းစီကို ပုစြန္ ၃ ၊ ၄ ေကာင္ခန္႔ ထိုးထားၿပီးေနာက္ ဆား၊ ငရုတ္ေကာင္းတို႔ ျဖဴးထားလိုက္ပါ။
၂။ ပန္းကန္လံုးတစ္လံုးထဲတြင္ သံလြင္ဆီ၊ ၾကက္သြန္ျဖဴ၊ သံပုယိုရည္၊ ငရုတ္ႏွစ္ႏွင့္ သၾကား (သို႔) ပ်ားရည္တို႔ထည့္ၿပီး သမေအာင္ ေရာေမႊထားလိုက္ပါ။
၃။ ထို႔ေနာက္ ပုစြန္မ်ားကို နယ္ထားေသာ ငရုတ္ႏွစ္မ်ားျဖင့္ ညီညီညာညာသုတ္လိမ္းေပးလိုက္ပါ။ အသားထဲသို႔ စိမ့္ဝင္သြားဖို႔ရန္အတြက္ မိနစ္ ၃၀ ခန္႔ ေစာင့္ေပးရပါမယ္။
၄။ မိနစ္ ၃၀ ျပည့္တဲ့အခါမွာေတာ့ အကင္မီးဖိုကို အဆင္သင့္ျပင္ထားလိုက္ပါ။ အကင္မီးဖိုကို ဆီအနည္းငယ္ သုတ္လိမ္းထားလိုက္ပါ။ ထို႔ေနာက္ ပုစြန္မ်ား ထည့္ကင္လို႔ရပါၿပီ။
ပုစြန္တစ္ဖက္စီကို တစ္မိနစ္၊ ႏွစ္မိနစ္ခန္႔ ကင္ေပးလိုက္ပါ။ ထို႔ေနာက္ အျခားတစ္ဖက္သို႔ လွန္ၿပီး ေနာက္ထပ္ တစ္မိနစ္၊ ႏွစ္မိနစ္ခန္႔ ကင္ေပးလိုက္ပါ။ ပုစြန္မ်ား ေကြးသြားၿပီဆိုရင္ေတာ့ မီးဖိုေပၚက ခ်လိုက္လို႔ရပါၿပီ။
ရရွိလာတဲ့ ပုစြန္ကင္ေလးကို ပန္းကန္ထဲေျပာင္းထည့္ၿပီးေနာက္ ၾကက္သြန္ၿမိတ္ ထည့္ကာ အရသာရိွရွိ သံုးေဆာင္ႏိုင္ပါၿပီ။
သူ႔ခ်ည္းပဲ စားမယ္ဆိုရင္လည္း အရသာရွိသလို ထမင္းနဲ႔ တြဲစားမယ္ဆိုရင္လည္း ဗိုက္ျပည့္ၿပီး အာဟာရျပည့္ဝေစမွာပါ။
Source: Koreanbapsang.com