အားလုံးပဲမင်္ဂလာပါနော်။ အားလပ်ရက်မှာ မိသားစု သူငယ်ချင်းတွေနဲ့အတူ အစားအသောက်လေး လုပ်စားရတာ ဝါသနာပါတဲ့သူတွေအတွက် ပုစွန်အစပ်ကင်လေး ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ပုဇွန် (အမြီးချန်ပြီး အခွံနွှာပါ) ၁၀ ကောင်ခန့်
  • ဆော့စ်လုပ်ရန်
  • သံလွင်ဆီ အနည်းငယ်
  • ကြက်သွန်ဖြူ တောက်တောက်စဉ်း အနည်းငယ်

  • သံပရာရည် အနည်းငယ်
  • ငရုတ်သီးအနှစ် အနည်းငယ်
  • ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ပုစွန်ကို အခွံနွှာပြီး ပြင်ထားလိုက်ပါ။

ပြီး၇င် အနှစ်ကို ရောစပ်ပြီး အနှစ်နဲ့ ပုစွန် နယ်ထားလိုက်ပါ။ မနစ် ၂၀ ၊ ၃၀ ခန့် နှပ်ထားပါ။

အဲဒီနောက် မီးသွေးပေါ်တင် သံဇကာလေးကာပြီး ကင်ပေးလိုက်ပါ။ တစ်ဖက်ကို ၃ မိနစ်လောက်ကင်ပါ။ အရမ်းတူးမသွားအောင် ဂရုစိုက်ပါ။

Source: www.koreanbapsang.com

By: MyFood Myanmar