အာလူးကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ အာလူးကို ဂျုံမှုန့်တို့၊ ကြက်ဥတို့နဲ့ အရသာရှိရှိလေးကြော်ပြီး စားလို့ရအောင် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ အာလူးအနေတော်ဆိုဒ် – ၃ လုံးကို ခြစ်ပေးရပါမယ်။

ခြစ်ပြီး ရင် ရေခဲရေနဲ့ ခဏစိမ်ပြီး ဆေးပေးပါ။ ပြီးရင်တော့ ရေစစ်ချပြီး ပန်းကန်တစ်လုံးထဲ ပြောင်းထည့်ပါ။

ဂျုံမှုန့် – စားပွဲတင်ဇွန်း ၄ ဇွန်း၊ ချိစ်အကြေလေးတွေ (သို့) သေးသေးလေးတွေဖြစ်အောင် ခြစ်ချထားတဲ့ ချိစ် – စားပွဲတင်ဇွန်း ၄ ဇွန်းစာ၊ ကြက်ဥ – ၁ လုံးဖောက်ထည့်ပြီး ကြက်သွန်နီတစ်လုံးကို သေးသေးလေးတွေ လှီးထည့်ပါ။

နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာနဲ့ နံနံပင်နည်းနည်းကို လှီးထည့်ပါ။ ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်စာ၊ အရောင်တင်ငရုပ်သီးမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်စာ (အစပ်မကြိုက်ရင် မထည့်လည်းရ) ၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်တို့ကိုထည့်ပြီး သမအောင်နယ်ပါ။

ဒယ်အိုးထဲကို ဆီထည့်ပြီး နယ်ထားတာတွေကို ဇွန်းနဲ့ယူကာ ထည့်ကြော်နိုင်ပါပြီ။

ကြော်ပြီးတာနဲ့ ပန်းကန်ထဲခူးထည့်ပြီး အချဉ်နဲ့တို့စားလို့ရပါပြီ။ အစပ်မထည့်ရင် ကလေးငယ်တွေလည်း စားလို့ရပါတယ်။ အာဟာရဓာတ်လည်း ပြည့်ဝစေပါတယ်။

Source: www.spicebangla