ပါဝင်ပစ္စည်းများ
- ပိန္နဲသီး
- ငံပြာရည်၊ နနွင်း
- ကြက်သွန်နီ၊ ကြက်သွန်ဖြူ
- ခရမ်းချဉ်သီး
- ပုဇွန်ခြောက်ထောင်း၊ ဆီ
ပြုလုပ်နည်း
ပိန္နဲသီး အဆင်သင့် ပြုတ်ပြီးသားများကို အရွယ်တော်တုံး ငံပြာရည်၊ နနွင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ပုဇွန်ခြောက်ထောင်း ဆီပါလေကာဖြင့် သေချာနယ်ပြီး လုံးချက် ထားတာပါ။
ချခါနီး ငရုပ်သီးစိမ်းထောင်းခပ်၊ နံနံပင် အုပ်ပြီး ပူပူနွေးနွေးစားလျှင် ကြက်သား၊ ဝက်သားတွေနဲ့ မလဲနိုင်တဲ့ ဟင်းလေး တစ်ခွက်ပါ။
Credit: Soe’s Cooking Collecion