အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကိုရီးယားစတိုင်လ် BBQ ကြက်သား ပီဇာ ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • Tortillas ဂျုံပြား (၄ချပ်) (၈ လက်မခန့်)
  • ကြက်သား ၁၂၀ ဂရမ် (ပါးပါးလှီးပါ)
  • နာနတ်သီး ပါးပါးလှီး (၁၅၀) ဂရမ်
  • ကြက်သွန်နီ ပါးပါးလှီး တစ်ခြမ်း

  • ပီဇာ ချိစ် ၂ ခွက်
  • BBQ ဆော့လ်
  • သံလွင်ဆီ
  • ဟင်းနုနွင် (သို့) နံနံပင် အနည်းငယ်

အသားနယ်ရန်အတွက်

  • ငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ကြက်သွန်ဖြူ တောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဂျင်း တောက်တောက်စဉ်း အနည်းငယ်
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ကြက်သားကို ဆော့လ်နဲ့နယ်လိုက်ပြီး မိနစ် ၃၀ လောက်နှပ်ထားပါ။

ပြီးရင်တော့ ကြက်သားကို အရင်ဆုံး ကြော်လိုက်ပါ။

အရင်ဆုံး Oven ထဲကို ပီဇာတင်မယ့်အပြားထည့်လိုကပြီး အပူချိန် ၂၁၀ ဒီရီစင်တီဂရိတ်နဲ့ ထားကာ ၁၅ မိနစ်လောက် အပူပေးလိုက်ပါ။ အဲဒီနောက် အောက်ခံ ဂျုံပြားပေါ်မှာ သံလွင်ဆီသုတ်လိုက်ပါ။ BBQ ဆော့လ်ကို ခပ်ပါးပါးသုတ်လိုက်ပါ။

ပြီးရင်တော့ ချိစ်ထည့်လိုက်ပြီး ကြက်သွန်နီ၊ နာနတ်သီး၊ ကြက်သား၊ ဟင်းနုနွင် (သို့) နံနံပင် ထည့်လိုက်ပါ။

ကျန်တဲ့ ဂျုံပြား တွေပေးမှာလည်း အလားတူ တင်လိုက်ပါ။ ပီဇာတင်မယ့် အပြားထဲကို ထည့်လိုက်ပါ။

ပြီးရင်တော့ Oven ထဲကိုထည့်ပေးလိုက်ပြီး ၇ မိနစ်လောက် ထားလိုက်ပါ။

ပီဇာရပြီဆိုရင်တော့ပူပူလေး သုံးဆောင်နိုင်ပါပြီနော်။

Source: www.mykireankitchen.com

By: MyFood Myanmar