အားလုံးပဲ မင်္ဂလာပါ။ ပင်လယ်စာ အစားအစာတွေကိုမှ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဂဏန်းချဉ်စပ်ဟင်း ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ဂဏန်း ၁ ပေါင်ခွဲခန့်
• ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
• ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
• ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
• ကြက်သွန်မြိတ် ၄ စည်းနှင့် ကြက်သွန်နီ ၁ ခြမ်း (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူတို့ကို ပါးပါးလှီးပြီးနောက် ဂဏန်းကို ထက်ခြမ်း ခြမ်းထားပါ။

၂။ အိုးတစ်လုံးထဲတွင် ကြက်သွန်နီများကို အရင်ဦးဆုံး ထည့်ထားလိုက်ပါ။ ကြက်သွန်နီပေါ်မှာ ကြက်သွန်မြိတ်များ ထည့်လိုက်ပါ။

၃။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ငရုတ်နှစ်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူနှင့် ပဲငံပြာရည်တို့ထည့်ပြီး သမအောင် မွှေထားလိုက်ပါ။ ထို့နောက် ရေ ၂၅၀ မီလီလီတာ ထည့်ကာ ထပ်မွှေပေးလိုက်ပါ။

၄။ ထက်ခြမ်း ခြမ်းထားသော ဂဏန်းများကို အိုးထဲရှိ ကြက်သွန်မြိတ်များပေါ် တင်ထားလိုက်ပါ။ ထို့နောက် စောစောကမွှေထားသော ငရုတ်နှစ်အရောအနှောများကို ဂဏန်းပေါ်သို့ လောင်းချပြီးနောက် ၁၅ မိနစ်ခန့် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၅။ ၁၅ မိနစ်ပြည့်ပါက ဂဏန်းများကို အနည်းငယ် မွှေပြီးနောက် နောက်ထပ် ၅ မိနစ်ခန့် ဆက်တည်ထားလိုက်ပါ။

ဒါဆိုရင်တော့ ဂဏန်းချဉ်စပ် ပူပူလေး ရရှိသွားပါပြီ။ ထမင်းနဲ့ စားမယ်ဆိုရင်လည်း အရသာရှိသလို သူ့ချည်းပဲ စားမယ်ဆိုရင်လည်း ပြီးပြည့်စုံပါတယ်။

Source: Kitchenbowl.com