ပင်လယ်စာ အစားအစာတွေကို ကြိုက်နှစ်သက်တဲ့ Foodies လေးတွေအတွက် ဒီတစ်ခါမှာတော့ ပဲပြား၊ အမဲသားနဲ့ ခုံးကောင်တို့ဖြင့် အဓိကချက်ပြုတ်ပြင်ဆင်ထားတဲ့ ပင်လယ်စာဟင်းရည် စပ်စပ်လေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နှမ်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • အမဲသား ဝ.၅ ပေါင် (သို့) ဝက်သား (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ စားပွဲတင်ဇွန်း တစ်ဝက် (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • အမဲပြုတ်ရည် ၅၀၀ မီလီလီတာ (သို့) ရေ

  • ပဲပြား ၁ တုံး (အနေတော်အတုံး တုံးထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ခုံးကောင် ၁ ပေါင် (ရေဖြင့် စင်ကြယ်အောင် ဆေးကြောထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးကို အပူပေးပြီးနောက် နှမ်းဆီထည့်ပါ။ အမဲသား၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်တို့ထည့်ကာ ၅ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၂။ ကြက်ပြုတ်ရည် (သို့) ရေထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ပဲငံပြာရည်ထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၃။ ပွက်ပွက်ဆူလာပါက ပဲပြားထည့်ပြီး ပွက်ပွက်ဆူလာအောင် ထပ်တည်ထားလိုက်ပါ။

၄။ ထို့နောက် ခုံးကောင်များထည့်ကာ ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။ ဒါဆိုရင်တော့ ခုံးအခွံက ပွင့်သွားပါလိမ့်မယ်။

၅။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာတော့ ကြက်သွန်မြိတ် ထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

အရသာရှိတဲ့ ပဲပြား ပင်လယ်စာဟင်းရည်စပ်စပ်လေးကို ထမင်းနဲ့အတူတူ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။

Source : Thespruceeats.com