ပင်လယ်စာ ပုစွန်ဟင်း ကြိုက်နှစ်သက်ကြသူများအတွက် ဒီတစ်ခါမှာတော့ အနောက်တိုင်းဟင်းချက်နည်းကို အသုံးပြုကာ ချက်ပြုတ်ထားတဲ့ ပုစွန်အစပ်ဟင်း ချက်ပြုတ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁ ပေါင်
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • သံပုယိုသီး တစ်ခြမ်း (အရည်ညှစ်ထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်များကို အခွံခွာကာ ရေဆေးထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ထောပတ်ကို အရည်ဖျော်လိုက်ပါ။ ထို့နောက် သံလွင်ဆီထည့်ပါ။ ကြက်သွန်ဖြူထည့်ကာ ၁ မိနစ်ခန့် ဆီသတ်ပါ။

ထို့နောက် ငရုတ်သီးဆော့စ်၊ ငရုတ်သီးမှုန့်၊ သံပုယိုရည်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ၅ မိနစ်ခန့် တည်ပါ။

၃။ ဆော့စ်က ပွက်ပွက်ဆူလာပါက ပုစွန်များထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၄။ ထိုဒယ်အိုးကို မီးဖိုပေါ်ကချပြီးနောက် ခဲဖတ်ဖြင့်အုပ်ကာ ရေခဲသေတ္တာထဲတွင် အနည်းဆုံး မိနစ် ၃၀ မှ ၄ နာရီကြာ အအေးခံထားလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်ပါက Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးပါ။ (အဆင့် ၄ ကို ကျော်ပြီး Oven ကို တန်းအပူပေးထားလည်း ရပါတယ်။)

၆။ ထို့နောက် ပုစွန်အိုးကို Oven ထဲတွင် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။ (ပုစွန်ထည့်ထားသော ဒယ်အိုးသည် အပူဒဏ်ခံနိုင်ပြီး Oven ထဲ ထည့်ထားနိုင်သော ဒယ်အိုးဖြစ်ရပါမယ်။)

၇။ သတ်မှတ်ချိန်ပြည့်တဲ့နောက်မှာတော့ အရသာရှိတဲ့ အနောက်တိုင်းစတိုင်လ် ပုစွန်အစပ်ဟင်းပွဲတစ်ပွဲ ရရှိသွားပါပြီ။

Source: Jocooks.com