မင်္ဂလာပါ Foodies လေးတို့ရေ။ အာလူးကြော်ကို ဒီတစ်ခါမှာတော့ ရိုးရိုးမကြော်ဘဲ Oven ထဲထည့်ထားလိုက်ရုံနဲ့ အဆင်သင့်ကြော်ပြီးသားဖြစ်သွားမယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။ လူကိုယ်တိုင်အပင်ပန်းခံကြော်စရာမလိုတဲ့ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး အလတ်ဆိုဒ် ၈ လုံး
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့်
  • ဇီရာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့်
  • ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့်

  • ကြက်ဥ ၂ လုံး (ကြက်ဥအကာသာ အသုံးပြုရန်)
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဟင်းသီးဟင်းရွက်ဆီအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

အရင်ဆုံးအာလူးများကို အခွံခွာပြီး ရေစင်စင်ဆေးထားလိုက်ပါ။ ပြီးတာနဲ့ Oven ကို အပူချိန် ၄၃၀ ဒီဂရီဖာရင်ဟိုက် (၂၂၀ ဒီဂရီ ဆဲစီးယပ်စ်)ဖြင့် ကြိုတင်အပူပေးထားပါ။

ထို့နောက် အာလူးများကို အနေတော်အထူခန့် အချောင်းလိုက်လှီးဖြတ်ပေးပြီး အိုးကြီးကြီးတစ်လုံးထဲမှာ ထည့်ထားလိုက်ပါ။

ကြက်ဥအကာ နှစ်လုံးကို ခပ်ပြင်းပြင်းလေးမွှေခလောက်ပေးထားပါ။

နောက်တစ်ဆင့်အနေနဲ့ ငရုတ်သီးမှုန့်၊ ဇီရာမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ငရုတ်ကောင်းမှုန့်နဲ့ ဆားတို့ကို ရောနယ်ထားပါ။

မွှေခလောက်ထားသော ကြက်ဥအကာများကို အာလူးအိုးထဲ လောင်းထည့်လိုက်ပါ။

ထို့နောက် ရောစပ်ထားသော အမှုန့်များကို အာလူးအိုးထဲထည့်နယ်ပေးလိုက်ပါ။ တစ်ဆက်တည်းမှာပဲ Oven ထဲထည့်မယ့် လင်ဗန်းလေးကို ဆီအနည်းငယ် သုတ်လိမ်းပြီးနောက် အာလူးချောင်းများကို လင်ဗန်းပေါ်မှာ ဖြန့်ထည့်ပေးလိုက်ပါ။

နောက်ဆုံးအဆင့်အနေနဲ့ ကြိုတင်မီးအပူပေးထားသော Oven ထဲမှာ မိနစ် ၄၀ ခန့် ထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ လူကိုယ်တိုင်အပင်ပန်းခံကြော်စရာမလိုဘဲနဲ့ အရသာရှိတဲ့ အာလူးချောင်းကြော်စပ်စပ်လေးရရှိသွားပါလိမ့်မယ်။

Source: Zoomyummy.com