ခေါက်ဆွဲကြိုက်တဲ့သူတွေအတွက် အချိန် ၃ မိနစ်ထဲနဲ့ အမြန်လုပ်စားလို့ရမယ့် Spicy Peanut Butter Noodles ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ငရုပ်သီးမှုန့်ပါတဲ့အတွက် စပ်တဲ့အရသာကို ခံစားမိမှာဖြစ်သလို၊ Peanut Butter ပါတဲ့အတွက် အီစိမ့်စိမ့်လေးလည်း ဖြစ်နေမှာပါ။ စားနေကျမဟုတ်တဲ့ အရသာအသစ်မျိုးဖြစ်နေမှာ သေချာပါတယ်။

အရင်ဆုံး ရေနွေးပွက်ပွက်ဆူအောင် တည်ထားပါ။

ရေနွေးပွက်ပွက်ဆူပြီဆိုရင် Udon ခေါက်ဆွဲကို ထည့်ပြုတ်ပေးပါ။ Udon ခေါက်ဆွဲက ၂ မိနစ်လောက်ပြုတ်ရင် နူးပါပြီ။

ရပြီဆိုရင် ပန်းကန်ထဲ အရည်မပါအောင် ခေါက်ဆွဲချည်းပဲ စစ်ထည့်ပါ။

နောက်ပန်းကန်လုံးတစ်လုံးထဲကိုတော့ ကြာညို့ – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ခရုဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ Peanut Butter – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ထောင်းထားတဲ့ကြက်သွန်ဖြူ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နှမ်း – စားပွဲတင်ဇွန်းတစ်ဝက်စာနဲ့ ငရုပ်သီးမှုန့် – စားပွဲတင်ဇွန်းတစ်ဝက်စာ ထည့်ပါ။

ကြက်သွန်မြိတ်အကြီးကို အနေတော်ပမာဏလောက်ရအောင် အကွင်းလေးတွေလှီးပါ။

ဒယ်အိုးထဲကို ဟင်းသီးဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပြီး ခုနကလှီးထားတဲ့ ကြက်သွန်မြိတ်တွေထည့်ပြီး ခဏမွှေပါ။

ပြီးရင်တော့ ခုနက ပါဝင်ပစ္စည်းအစုံထည့်ထားတဲ့ ပန်းကန်လုံးထဲကို လောင်းထည့်ပါ။ ဆီပါမကျန်အောင်ထည့်ပါ။ ပြီးရင် သမအောင်မွှေပေးပါ။

မွှေပြီးပြီဆိုရင်တော့ ပြုတ်ထားတဲ့ခေါက်ဆွဲပါထည့်ပြီး သမအောင်နယ်ပါ။

နယ်ပြီးရင်တော့ အပေါ်ကနေ ကြက်သွန်မြိတ်နဲ့ နှမ်းဖြူပြီး စားသုံးနိုင်ပါပြီ။

ဒါဆိုရင်တော့ ခေါက်ဆွဲကြိုက်သူများအတွက် အရသာရှိတဲ့ Spicy Peanut Butter Noodles ကို စားသုံးနိုင်ပါပြီ။

source:www.delicious day