မိမိအားလပ်ချိန်မှာ သွားရေစာမုန့်တွေကို စိတ်ရှိသလောက်စားချင်တဲ့ Foodies လေးတွေအတွက် ဒီတစ်ခါမှာတော့ မြေပဲကြော်အစပ် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မြေပဲအစိမ်း ၂၅၆ ဂရမ်
  • ကြော်ရန်ဆီ
  • ငရုတ်သီးတောင့် အခြောက် ၇ တောင့် (ပါးပါးလှီးထားပြီး အစေ့များကို ဖယ်ထားလိုက်ပါ)
  • ငရုတ်ကောင်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မြေပဲအခွံကို အလွယ်တကူ ခွာနိုင်ဖို့ရန်တွက် မြေပဲစေ့များကို ရေထဲတွင် တစ်ညခန့်စိမ်ထားရပါမယ်။

၂။ မနက်ရောက်မှ မြေပဲဆံများကို လက်ဖြင့် ခပ်ကြမ်းကြမ်း ပွတ်တိုက်ပေးလိုက်ပါ။ ဒါဆိုရင်တော့ မြေပဲခွံများက သူ့အလိုလို ကွာသွားပါလိမ့်မယ်။

၃။ မြေပဲကို ဒယ်အိုးထဲထည့်ပြီးနောက် မြေပဲများမြှုပ်သွားသည်အထိ ဆီထည့်ပေးလိုက်ပါ။ ထို့နောက် အလယ်အလတ်မီးအပူချိန်ဖြင့် မြေပဲများကို လှော်ပေးလိုက်ပါ။ ရရှိလာတဲ့ မြေပဲကို ပန်းကန်လုံးအခြောက်ထဲထည့်ထားလိုက်ပါ။ ဆီကိုလည်း သပ်သပ်ခပ်ထုတ်ထားလိုက်ပါ။

၄။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း တစ်ဝက်ပြန်ထည့်ပြီးနောက် ငရုတ်ကောင်းစေ့နှင့် ပါးပါးလှီးထားသော ငရုတ်သီးတို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် မြေပဲထည့်ပါ။ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်နှင့် ဆားတို့ထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

၅။ ပြီးရင်တော့ မြေပဲကြော်များကို ခြောက်သွေ့ပြီး လေလုံသောဘူးထဲသို့ ပြောင်းထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ မြေပဲကြော်စပ်စပ်လေးကို မိမိစားချင်တဲ့အချိန်မှာ စိတ်ကြိုက်စားနိုင်ပါပြီ။

Source: Chinasichuanfood.com