အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယားအစားအစာကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်လ် ဝက်သားကင်အစပ် ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၂ ပေါင်
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် ( ၂ လက်မခန့် အရှည်ခန့် လှီးဖြတ်ထားပါ)
  • ငရုတ်အနှစ် စားပွဲတင်ဇွန်း ၆ ဇွန်းနှင့် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း

  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇါန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ထောင်းထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားကို ပါးပါးလှီးထားပြီးနောက် ပန်းကန်လုံးအကြီးထဲသို့ ထည့်ထားပါ။ ထို့နောက် ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ငရုတ်နှစ်၊ ငရုတ်သီးမှုန့်၊ ပဲငံပြာရည်၊ ဆန်ဝိုင်၊ သကြား၊ ပျားရည်၊ နှမ်းဆီနှင့် ဂျင်းတို့ထည့်ကာ သမအောင် နယ်ဖတ်ထားလိုက်ပါ။

၂။ ပါဝင်ပစ္စည်းများ ဝက်သားထဲသို့ စိမ့်ဝင်သွားဖို့ရန်အတွက် တစ်နာရီခန့် နှပ်ထားလိုက်ပါ။

၃။ အကင်မီးဖိုကို အပူပေးထားလိုက်ပါ။ ထို့နောက် အကင်မီးဖိုကို ဆီဖြင့် သုတ်လိမ်းထားလိုက်ပါ။ နောက်တစ်ဆင့်အနေနဲ့ကတော့ ဝက်သားပြားကို အကင်မီးဖိုပေါ်တွင် ကင်ပေးလိုက်ပါ။

၄။ ဝက်သားပြားက ရွှေညိုရောင်ပြောင်းသွားပါက အခြားတစ်ဖက်သို့လှန်ပြီးနောက် နောက်ထပ် ၃ မိနစ်ခန့် ကင်ပေးလိုက်ပါ။

ထိုအဆင့်များ အားလုံးပြီးသွားပါက အရသာရှိတဲ့ ကိုရီးယားစတိုင်လ် ဝက်သားကင်အစပ်လေး ရရှိသွားပါပြီ။

Source: Koreanbapsang.com