အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ပင်လယ်စာခေါက်ဆွဲ ကြိုက်ကြတဲ့သူတွေအတွက် စပ်စပ်လေးနဲ့ အရသာရှိတဲ့ ပင်လယ်စာ ခေါက်ဆွဲချက်ပြုတ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

အသီးအရွက်အတွက်

  • ကြက်သွန်နီ အနည်းငယ် (ပါးပါးလှီးပါ)
  • မုန်လာဥနီ တစ်ခြမ်း (ပါးပါးလှီးပါ)
  • ဖရုံသခွားသီးတစ်ခြမ်း (ပါးပါးလှီးပါ)

  • ဂေါ်ဖီအနည်းငယ် (အနေတော်လှီးပါ)
  • မှို ၃ ခုခန့် (ပါးပါးလှီးပါ)
  • ကြက်သွန်မြိတ် ၂ ပင် (၂ လက်မ အရှည်လှီးပါ)

ပင်လယ်စာနဲ့ အသားအတွက်

  • ဝက်သား အနည်းငယ် (ပါးပါးလှီးပါ)
  • မိမိနှစ်သက်ရာ ပုဇွန်၊ ဂုံး (စသည့်ပင်လယ်စာများ)
  • တခြားပါဝင်ပစ္စည်းများ
  • ဂျင်းတောက်တောက်စဉ်းအနည်းငယ်
  • ကြက်သွန်ဖြူတောက်တောက်စဉ်းအနည်းငယ်
  • ငရုတ်သီးမှုန့် အနည်းငယ်
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနဲ့ ငရုတ်ကောင်း အနည်းငယ်
  • ကြက်စွပ်ပြုတ်ရည် (သို့) ရေ ၅ ခွက်
  • လူ ၂ ယောက်စာ ခေါက်ဆွဲ

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကိုပြင်ဆင်လိုက်ပါ။

အိုးကိုအပူပေးလိုက်ပါ။ ဆီထည့်လိုက်ပြီး ဂျင်း၊ ကြက်သွန်မြိတ်၊ ငရုတ်သီးမှုန့်၊ ပဲငံပြာရည်ထည့်လိုက်ပြီးမွှေပေးလိုက်ပါ။

အဲဒီနောက် ၂ မိနစ်လောက်မွှေပေးပါ။

ပြီးရင် ကြက်သွန်နီ၊ မုန်လာဥနီ၊ ဂေါ်ဖီ၊ ဖရုံသခွား နဲ့ မှိုထည့်လိုက်ပြီး၊ ဆား ထည့်လိုက်ပါ။ အသီးအရွက် နွမ်းသွားတဲ့အထိကြော်ပေးပါ။

အဲဒီနောက် ရေ (သို့) ကြက်စွပ်ပြုတ်ရည်ထည့်လိုက်ပါ။

ဆူလာရင် ပင်လယ်စာထည့်လိုက်ပါ။

ဆားနဲ့ ငရုတ်ကောင်းမှုန့်ထည့်လိုက်ပါ။ ပွက်ပွက်ဆူအောင်ထားညပီး ပင်လယ်စာလည်း ရပြီဆိုရင်တော့ ခေါက်ဆွဲကို ရေနွေးလေးနဲ့ ပြုတ်ပြီး ရေအေးအေးနဲ့ ဆေးလိုက်ပါ။

အဲဒီနောက် ခေါက်ဆွဲထည့် စောစောကချက်ထားတဲ့ ပင်လယ်စာဟင်းရည်လေးထည့်ပြီး သုံးဆောင်နိုင်ပါပြီနော်။

Source: www.koreanbapsang.com

By: MyFood Myanmar