အားလုံးပဲ မင်္ဂလာပါ။ အသုပ် စပ်စပ်ကလေးကိုမှ စားချင်သူတွေအတွက် ဒီတစ်ခါမှာတော့ ထမင်းနဲ့ တွဲစားရင်လည်း လိုက်ဖက်သလို သူ့ချည်းပဲ စားရင်လည်း အရသာရှိတဲ့ ကြက်သားသုပ် စပ်စပ်လေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
  • တရုတ်နံနံ တစ်စည်း (ပါးပါးလှီးထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • ကြက်ရင်အုံ ၁ ပေါင်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်
  • ခရုဆီ စားပွဲတင်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ရင်အုံသားကို မိနစ် ၂၀၊ ၂၅ မိနစ်ခန့် ပေါင်းထားပေးပါ။ ပြုတ်ထားမယ်ဆိုလည်း ရပါတယ်။

၂။ ကြက်ရင်အုံသား ကျက်သွားပြီဆိုရင်တော့ အအေးခံထားလိုက်ပါ။ ထို့နောက် ကြက်သားကို အသားနွှင်ပေးထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီအနည်းငယ် ထည့်ထားလိုက်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူနှင့် ငရုတ်သီးမှုန့်တို့ထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် ဆီသတ်ပေးလိုက်ပါ။

၄။ ထို့နောက် ဆား၊ ပဲငံပြာရည်နှင့် ခရုဆီတို့ကို ကြက်သွန် ငရုတ်သီးဆီထဲ ပေါင်းထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

၅။ ကြက်သားနွှင်ထားသော ပန်းကန်လုံးထဲသို့ တရုတ်နံနံထည့်ပါ။ ထို့နောက် စောစောက ဆီသတ်ထားသော ကြက်သွန် ငရုတ်သီး ခရုဆီအရောအနှောတို့ကို ကြက်သားပေါ် ဆမ်းထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ကြက်သားသုပ် စပ်စပ်လေးကို မြည်းစမ်းကြည့်နိုင်ပါပြီ။

Source: Spicetheplate.com