အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ချဉ်ချဉ်စပ်စပ် ပုစွန်ဟင်းရည် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
- ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
- ဂျုံမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်ပြုတ်ရည် ပန်းကန်လုံး ၃ ခွက်စာ
- ပင်လယ်စာပြုတ်ရည် ပန်းကန်လုံး ၂ ခွက်စာ
- ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၁၆ ဇွန်း
- ငရုတ်သီးစိမ်း ၄ တောင့် (ပါးပါးလှီးထားပါ)
- ဆားအနည်းငယ်၊ ငရုတ်ကောင်းမှုန့် အနည်းငယ်နှင် နံနံပင်အနည်းငယ်
- ပုစွန် ၁ ပေါင်ခန့်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး ထောပတ်ထည့်ပါ။ ထောပတ် အရည်ပျော်သွားပါက ကြက်သွန်နီ၊ ကြက်သွန်ဖြူထည့်ကာ ဆီသတ်ပါ။ ထို့နောက် ဂျုံမှုန့်ထည့်ကာ ၁ မိနစ်ခန့် ထပ်မွှေပေးလိုက်ပါ။
၂။ ထို့နောက် ခရမ်းချဉ်သီးအနှစ်ထည့်ပါ။ ပင်လယ်စာပြုတ်ရည်၊ ကြက်ပြုတ်ရည်၊ ငရုတ်သီးတောင့်၊ ဆား၊ ငရုတ်သီးမှုန့်နှင့် အခြားဟင်းခပ်အမွှေးအကြိုင်များ ထည့်ကာ မိနစ် ၃၀ ခန့် တည်ထားလိုက်ပါ။
ချဉ်စပ်ဟင်းရည် ကြိုက်နှစ်သက်ပါက သံပုယိုရည် ထည့်ပါ။
၃။ သတ်မှတ်ချိန်ပြည့်ပါက ပုစွန်များထည့်ကာ ၂ မိနစ်ခန့် တည်ပါ။
အရသာအပေါ့အငန် မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ချဉ်စပ် ပုစွန်ဟင်းရည်လေး ရရှိသွားပါပြီ။
Source: Iowagirleats.com