အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ချဉ်ချဉ်စပ်စပ် ပုစွန်ဟင်းရည် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ပြုတ်ရည် ပန်းကန်လုံး ၃ ခွက်စာ

  • ပင်လယ်စာပြုတ်ရည် ပန်းကန်လုံး ၂ ခွက်စာ
  • ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ငရုတ်သီးစိမ်း ၄ တောင့် (ပါးပါးလှီးထားပါ)
  • ဆားအနည်းငယ်၊ ငရုတ်ကောင်းမှုန့် အနည်းငယ်နှင် နံနံပင်အနည်းငယ်
  • ပုစွန် ၁ ပေါင်ခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ထောပတ်ထည့်ပါ။ ထောပတ် အရည်ပျော်သွားပါက ကြက်သွန်နီ၊ ကြက်သွန်ဖြူထည့်ကာ ဆီသတ်ပါ။ ထို့နောက် ဂျုံမှုန့်ထည့်ကာ ၁ မိနစ်ခန့် ထပ်မွှေပေးလိုက်ပါ။

၂။ ထို့နောက် ခရမ်းချဉ်သီးအနှစ်ထည့်ပါ။ ပင်လယ်စာပြုတ်ရည်၊ ကြက်ပြုတ်ရည်၊ ငရုတ်သီးတောင့်၊ ဆား၊ ငရုတ်သီးမှုန့်နှင့် အခြားဟင်းခပ်အမွှေးအကြိုင်များ ထည့်ကာ မိနစ် ၃၀ ခန့် တည်ထားလိုက်ပါ။

ချဉ်စပ်ဟင်းရည် ကြိုက်နှစ်သက်ပါက သံပုယိုရည် ထည့်ပါ။

၃။ သတ်မှတ်ချိန်ပြည့်ပါက ပုစွန်များထည့်ကာ ၂ မိနစ်ခန့် တည်ပါ။

အရသာအပေါ့အငန် မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ချဉ်စပ် ပုစွန်ဟင်းရည်လေး ရရှိသွားပါပြီ။

Source: Iowagirleats.com