အားလုံးပဲ မင်္ဂလာပါ။ ပေါ့ပေါ့ပါးပါးလုပ်စားရတာကို ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ပြုလုပ်ရလွယ်ကူပြီး အရသာရှိတဲ့ ပဲပြားမွှေကြော်အစပ်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငရုတ်ပွ ၃ တောင့်
  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ပဲပြား ၃ တုံး (တစ်လက်မအထူ လှီးဖြတ်ထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငရုတ်ပွကို ၅ မိနစ်ခန့် မီးကင်ပေးလိုက်ပါ။

၂။ အစားအစာတုံးတစ်ရောနှောသည့်စက် (Food Processor) ထဲသို့ ငရုတ်ပွ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးဆော့စ်၊ ငရုတ်သီးမှုန့်နှင့် ဆီတို့ထည့်ကာ အနှစ်များရအောင် မွှေပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ပဲပြားထည့်ကြော်ပေးလိုက်ပါ။ ပဲပြားများ ရွှေညိုရောင်သမ်းသွားပါက ပဲပြားအကြေအစများဖြစ်သွားအောင် ချေပေးလိုက်ပါ။ ထို့နောက် စောစောကမွှေထားသောဆော့စ်များကို ပဲပြားပေါ်သို့ လောင်းချပေးလိုက်ပါ။ ထို့နောက် ရေ ၁၂၅ မီလီလီတာခန့် လောင်းထည့်ကာ မီးအေးအေးဖြင့် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် တည်ထားလိုက်ပါ။

၄။ ဟင်းရည်က ဆူပွက်လာပြီး ဆော့စ်လည်း ပျစ်သွားပါက ဆားနှင့် သံပုရာရည်အနည်းငယ်ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

အရသာအပေါ့အငန်မြည်းပြီးသွားရင်တော့ အရသာရှိတဲ့ ပဲပြားမွှေကြော်အစပ်ဟင်းလျာလေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Pinchofyum.com