ပါဝင်အစ္စည်းများ
- ပဲပုတ် – 1/4 Cup (60 ml)ခန့်
- ကြက်သွန်ဖြူ အတက်ကြီး – ၃ တက်
- ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့့်
- ငရုတ်သီးစိမ်း – ၈ တောင့် (သို့) အစပ်ကြိုက်လျှင် ပိုထည့်ပါ။
- လှီးထားသော ပင်စိမ်းသီး – 2 Cups (500 ml)ခန့်
ပြင်ဆင် ချက်ပြုတ်နည်း
- ပဲပုတ်ကို မီးကင်ပါ (သို့) ပန်းကန်ထဲထည့်ပြီး Paper Towel ဖြင့် ဖုံး၍ Microwave ထဲထည့်ကာ တစ်ဖက်ကို ၁ မိနစ်စီဖြင့် ၂ မိနစ်ခန့့် အပူပေးပါ။ (Microwave နှင့် ပဲပုတ် အထူအပါးပေါ်မူတည်ပြီး အချိန် အတိုးအလျှော့ ရှိပါတယ်။)
- ကြက်သွန်ဖြူ ၊ ဆား နှင့် ငရုတ်သီးစိမ်း ညက်အောင်ထောင်းပြီးနောက် ပဲပုတ်ထည့်ထောင်းပါ။ ပြီးလျှင် ပင်စိမ်းသီးထည့်ကာ ညက်အောင် (သို့) မိမိနှစ်သက်ရာ အနေအထားရအောင် ထောင်းပြီးနောက် အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။
Credit: Chaw Su’s Food Friends