အားလုံးပဲမင်္ဂလာပါနော်။ တော့ပိုကီက ကိုရီးယားနာမည်ကျော် အစားအစာဖြစ်သလို စာဖတ်သူတို့လည်း ကြိုက်ကြမယ်လို့ ယုံကြည်ပါတယ်။

ဆန်ကိတ်လို့လည်းအဓိပ္ပာယ်ရတဲ့တော့ပိုကီကို ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • တော့ပိုကီ အချောင်း ၁ ပေင်ခန့် (ဆန်ကိတ် ၂၄ လက်မခန့်ရှည်တာဝယ်ပြီး အတုံးလေးတွေလှီးလိုက်ပါ)
  • Fish Cake အချပ် ၁ ချပ်
  • ပန်းဂေါ်ဖီ အနည်းငယ်
  • ကြက်သွန်မြိတ် အနည်းငယ်
  • ရေ ၃ ခွက်

Source: myilgi.blogspot.com

  • ကိုရီးယား ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း (သို့) ၂ ဇွန်း
  • ကြက်သွန်ဖြူ တောက်တောက်စဉ်းအနည်းငယ်
  • နှမ်းဆီ၊ နှမ်း၊ငရုတ်သီးမှုန့် အနည်းငယ်

ပြုလုပ်နည်း

တော့ပိုကီချောင်းကို ရေနဲ့ မိနစ် ၂၀ ခန့် စိမ်ထားလိုက်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။ အဲဒီနောက် အတုံးလေးတွေ လှီးလိုက်ပါ။ ဂေါ်ဖီ၊ ကြက်သွန်မြိတ်နဲ့ Fish Cake ကိုလည်း လှီးလိုက်ပါ။

အဲဒီနောက် ရေကို ပွက်ပွက်စူအောင်သည်လိုက်ပါ။ ပြီးရင် ကျန်တဲ့ ပါဝင်ပစ္စည်းတွေအားလုံးထည့်ပါ။

ခဏထားပြီး တော့ပိုကီချောင်းကိုထည့်လိုက်ပါ။

အဲဒီနောက် Fish Cake ကိုထည့်လိုက်ပါ။ သေချာမွှေပေးပြီးလိုက် ရပြီဆိုရင် နှမ်းနဲ့ နှမ်းဆီ ထည့်လိုက်ပါ။

ရရင် မီးဖိုပေါ်ကချပြီး ပူပူလေး သုံးဆောင်လိုက်ပါနော်။

Source: www.koreanbapsang.com

By: MyStyle Myanmar