အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ပင်လယ်စာ ကြိုက်တဲ့သူတွေအတွက် ရေဘဝဲ စပ်စပ်ကြော် စားလို့ရအောင် မျှဝေပေးသွားမှာဖြစ်ပါတယ်။

ရေဘဝဲ စပ်စပ်ကြော် စားကြမယ်

ပါဝင်ပစ္စည်း

  • ရေဘဝဲ အနေတော် ၁ ကောင်
  • မုန်လာဥနီ တစ်ခြမ်း
  • ကြက်သွန်နီ တစ်ခြမ်း
  • ကြက်သွန်မြိတ် အနည်းငယ်

  • ဖရုံသခွားသီး အနည်းငယ်
  • ငရုတ်ပွသီး အနီ၊ အစိမ်း ၁ လုံးဆီ
  • ဆီ

ဆော့စ်လုပ်ရန်

  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • အရောင်တင်မှုန့်စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ တောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ရေဘဝဲကို ရေသေချာဆေးလိုက်ပါ။ ဆားနဲ့ နယ်ပြီး သေချာဆေးပါ။ ပြီးရင် ခပ်ပါးပါးလှီးလိုက်ပါ။

တခြား ပါဝင်ပစ္စည်းတွေကို လှီးလိုက်ပါ။

အဲဒီနောက် ဆီကို အပုပေး အသီးအရွက်တွေ ထည့်ကြော်လိုက်ပါ။ အသီးအရွက်တွေရပြီဆိုရင် ဘေးနားကို ခဏဖယ်ထားလိုက်ပြီး ရေဘဝဲကိုကြော်လိုက်ပါ။ ရေဘဝဲကြော်တဲ့အချိန်မှာ ဆော့စ်ကို ထည့်လိုက်ပါ။

ပြီးရင် အသီးအရွက်ကြော်နဲ့ ပြန်မွှေပေးလိုက်ပါ။ ဒါဆို ထမင်းနဲ့ ပူပူလေး သုံးဆောင်နိုင်ပါပြီနော်။

Source: www.koreanbapsang.com

By: MyFood Myanmar