အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ပင်လယ်စာ ပုစွန်အစပ်ကြော် ဟင်းလျာပေးပဲဖြစ်ပါတယ်။
မြန်မာချက်မဟုတ်ဘဲ တရုတ်စတိုင်လ်ချက်မှာဆိုတော့ အရသာတစ်မျိုး ဆန်းသစ်နေမှာပါ။ MyFood Myanmar ရဲ့အစားအသောက်ချစ်သူအားလုံး နှစ်ခြိုက်သဘောတွေ့ကြမယ်လို့ မျှော်လင့်မိပါတယ်။
ပါဝင်ပစ္စည်းများ
• ပုစွန် ၈ ကောင်
• ကြက်သွန်ဖြူ ၂ မြွှာ
• ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
• ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငရုတ်ပွ ၃ တောင့်နှင့် ငရုတ်သီးတောင့် ၃ တောင့် (ပါးပါးလှီးထားပါ)
• ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပုစွန်ကို ရေစင်အောင် ဆေးထားပါ။ ပုစွန်အခွံကို ချွတ်ချင်ပါကလည်း ချွတ်ထားနိုင်ပါတယ်။
၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားပါ။
၃။ ဆီပူလာပါက ငရုတ်ပွ၊ ငရုတ်သီးတောင့်နှင့် ကြက်သွန်ဖြူတို့ကို ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၄။ ငရုတ်ပွများ နူးအိသွားပါက ပုစွန်များ ထည့်ကြော်ပေးလိုက်ပါ။
၅။ ပုစွန်များ အနီရောင်ပြောင်းသွားပါက ဆားနှင့် ပဲငံပြာရည်တို့ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။
၆။ ကြက်သွန်မြိတ်ကိုတော့ မီးဖိုပေါ်က ချခါနီးကျမှ ထည့်ကြော်ပေးရပါမယ်။
အဆင့် (၆) ဆင့်စလုံး ပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ ပုစွန်အစပ်ကြော်ဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။
Source: Chinasichuanfood.com