ငှက်ပျောကြော်ကြိုက်ရင်တော့ ကန်စွန်းဥကြော်လည်း ကြိုက်မှာသေချာပါတယ်။ ဒါကြောင့် ကန်စွန်းဥကြော်ကို အိမ်မှာအလွယ်ကူဆုံးနည်းနဲ့ စပ်စပ်လေးကြော်စားနိုင်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

ကန်စွန်းဥ အလုံးကြီး ၂ လုံးကို အခွံခွာပြီး ရေသေချာဆေးပါ။ အခွံမခွာဘူးဆိုရင်တော့ အခွံကို သေချာတိုက်ပြီး ဆားနဲ့ပါဆေးမှ ရပါမယ်။

ရေသေချာဆေးပြီးရင် အဝိုင်းလေးတွေဖြစ်အောင် မထူမပါးလေး လှီးပေးပါ။

လှီးပြီးရင် ပန်းကန်ထဲကိုထည့်ပြီး အရောင်တင်ငရုပ်သီးမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ဆား – အနည်းငယ် ထည့်ကာ သမအောင်နယ်ပေးပါ။

သေချာသမအောင်နယ်ပြီးရင်တော့ ဆီများများနဲ့ ဆီအိုးထဲ ထည့်ကြော်လိုက်ရုံပါပဲ။

ကြော်ပြီးရင် ပန်းကန်ထဲခူးထုတ်ပြီး ဒီတိုင်းစားလည်းရသလို အချဉ်နဲ့တို့စားလို့လည်း ရပါပြီ။ အရမ်းကိုလွယ်ကူလွန်းတဲ့ နည်းလမ်းဖြစ်တာကြောင့် မဖြစ်မနေကြော်စားကြည့်သင့်ပါတယ်နော်။

Source: www.bestfoods