အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ရှူးရှဲရှူးရှဲနဲ့ လျှာလည်သွားစေမယ့် တူနာငါးစတူး ဟင်းရည်စပ်စပ်လေး ပြင်ဆင်ချက်ပြုတ်နိုင်မယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • တူနာငါး စည်သွပ်ဘူး ၁ ဘူး
  • ကြက်သွန်နီအကြီး ၁ ဥ (အတုံးကြီးကြီး တုံးထားပါ)
  • ငရုတ်သီးစိမ်း အတောင့်ကြီး ၂ တောင့် (ပါးပါးလှီးပါ)
  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်မြိတ် ၂ ပင်
  • ဆလပ်ရွက် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သွန်နီများကို ဒယ်အိုးတစ်လုံးတွင် ထည့်ထားလိုက်ပါ။ ကြက်သွန်နီပေါ်တွင် ငရုတ်သီးစိမ်း တစ်ဝက် ထည့်ထားလိုက်ပါ။

ထို့နောက် တူနာငါး၊ ငရုတ်နှစ်၊ ငရုတ်သီးမှုန့်၊ ပဲငံပြာရည်နှင့် ရေ ၁ ခွက်ခွဲ (စားပွဲတင်ဇွန်း ၂၄ ဇွန်း) ထည့်ပါ။

၂။ ထို့နောက် အိုးအဖုံးအုပ်ထားပြီး အလယ်အလတ်မီးအပူရှိန်ဖြင့် ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။

၃။ သတ်မှတ်ချိန်ပြည့်ပါက အဖုံးဖွင့်ပြီး သမအောင် မွှေပေးလိုက်ပါ။

၄။ ထို့နောက် ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နှင့် ကျန်ရှိနေသော ငရုတ်သီးစိမ်းမာျး ထည့်လိုက်ပါ။

၅။ ထို့နောက် အဖုံးဖွင့်လျက်သားဖြင့် ၃ မိနစ်မှ ၅ မိနစ်ခန့် တည်ထားလိုက်ပါ။

ဟင်းရည်လေး အတန်အသင့် ပျစ်သွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ တူနာငါးစတူး ဟင်းရည်စပ်စပ်လေး ရရှိသွားပါပြီ။ ရှူးရှူးရှဲရှဲဖြင့် ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Maangchi.com