အျိုမှုန့် ၊ ဆီတို့ လုံးဝ မပါသည့် ပူချဉ်စပ် ပင်လယ်စာ ပြည်ကြီးငါး အသုပ်ဖြစ်ပါတယ်။ နလံထစာ အစာတမျိုး ဖြစ်ပါသည်။ ကြိုက်နှစ်သက်ကြပါစေ။
ပါဝင်ပစ္စည်းများ
- ပြည်ကြီးငါး (Squid ) – ၁၀ ကောင် (အရွယ်တော် လှီးပြီး အိုးပူတိုက်ထားပါ။)
- စိမ်းစားငပိ – ၁ ဇွန်း (ထမင်းစားဇွန်း) (မီးဖုတ်ထားပါ)
- သခွါးသီး အသေး – ၁ လုံး (သေးသေး အတုံးများ လှီးထားပါ)
- ကြက်သွန်နီ အသေး – ၁ လုံး (ပါးပါးလှီးပြီး ရေစိမ်ထားပါ)
- ကြက်သွန်ဖြူ အကြီး – ၃ မွှာ ( လှော်ပြီးထောင်းထားပါ)
- ပုဇွန်ငံပြာရည် – ၂ ဇွန်း (ထမင်းစားဇွန်း)
- ငရုတ်သီးစိမ်း – ၁၀ တောင့် ( လှော်ပြီးထောင်းထားပါ)
- နံနံပင် – အနည်းငယ် (လှီးထားပါ)
- သံပုရာရည် – ၂ ဇွန်း (ထမင်းစားဇွန်း)
- ငရုတ်ကောင်းမှုန့် – အနည်းငယ်
ပြုလုပ်နည်း
- ပြည်ကြီးငါးများကို ခေါင်းဖြုတ်၍ အညစ်အကြေးနှင့် အချွဲများ ကုန်အောင် ဆားနှင့် နယ်ရျ် ရေကို အထပ်ထပ်ဆေး သန့်စင်ပြီး ရေစစ်ထားပါ။
- ဒယ်အိုးအထဲတွင် ရေစစ်ထားသည့် ပြည်ကြီးငါးများကိုထည့်ကာ မီးပြင်းပြင်းဖြင့် အပါ်ရံတင်းရုံသာ ခဏအိုးပူတိုက်ပေးပါ။ အိုးပူတိုက်ထားသော ပြည်ကြီးငါးများကို ဒယ်အိုးထဲမှ ထုတ်၍ အအေးခံ ထားပါ။
- ဒယ်အိုးထဲတွင် ကျန်နေသည့် ပြည်ကြီးငါး အရည်များကို အနည်းငယ် ကျန်သည်အထိ ဆက်တည်ပေးပါ။
- ဆုံထဲတွင် လှော်ထားသော ငရုတ်သီးစိမ်း နှင့် ကြက်သွန်ဖြူ ကို စိမ်းစားငပိဖြင့် တွဲထောင်းပါ။
- ပြီးလျင် အိုးပူတိုက် ထားသည့် ပါဝင်ပစ္စည်းများ အားလုံး နှင့် ပြည်ကြီးငါး အရည်များကို ဇလုံထဲ ထည့်၍ သုပ်ပါ။ အချိုမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။
MyFood Myanmar